
တောင်သာမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင် ၁၃ ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance ၂၆၈၀ ကျပ်၊ 95 Octance ၂၇၃၅ ကျပ်၊ ရိုးရိုးဒီဇယ် ၂၃၉၅ ကျပ်၊ ပရီမီယမ် ဒီဇယ် ၂၈၅၀ ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၉-၁၂-၂၀၂၅ ရက်နေ့တွင်ထုတ်ပြန်ထားသည့် မန္တလေးတိုင်းဒေသကြီးအတွင်း စက်သုံးဆီတစ်လီတာ၏ သတ်မှတ် ရည်ညွှန်းဈေးများမှာ 92 Octance ၂၆၃၀ ကျပ်၊ 95 Octance ၂၆၈၅ ကျပ်၊ ရိုးရိုးဒီဇယ် ၂၃၄၅ ကျပ်၊ ပရီမီယမ်ဒီဇယ် ၂၈၀၀ ကျပ်ဖြစ်ကြောင်းသိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ ်ထက် 92 Octanceတွင် ၂၅ ကျပ်၊ 95 Octanceတွင် ၃၀ ကျပ် တို့ အသီးသီးဈေးနှုန်းလျော့ကျခဲ့ကာ ရိုးရိုးဒီဇယ်တွင် ၁၅ ကျပ်ဈေးနှုန်းမြင့်တက်ခဲ့ပြီး ပရီမီယမ်ဒီဇယ်တွင် ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရသည်။
DOCA(မန္တလေး)
