ဂျော်ဇ်ဂျန်ပြည်နယ်တွင် အာဖဂန်လုပ်ကုန်ပစ္စည်းများကို ၃ ရက်ကြာ ပြပွဲဖြင့် မြှင့်တင်

Powered by Drupal

   အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ဂျော်ဇ်ဂျန်ပြည်နယ်၏ မြို့တော် ရှီဘာဂန်တွင် ပြည် တွင်းထုတ်ကုန်များကို ပြသထားသည့် သုံးရက်ကြာ ပြပွဲတစ်ခု စတင်လိုက်ကြောင်း ပြည်နယ် သတင်းအချက်အလက်နှင့် ယဉ်ကျေးမှုဌာန၏ ကြေညာချက်အရသိရသည်။

     ဒီဇင်ဘာလ ၂၈ ရက်နေ့က ထုတ်ပြန်ချက်အရ ထိုပွဲတွင် ဒေသထွက် စိုက်ပျိုးရေးထွက်ကုန်များ၊ လက်မှုပညာများ၊ အစားအသောက်များနှင့် ထုတ်ကုန်အမျိုးမျိုးကို ဆိုင်ခန်းပေါင်း ၆၀ တွင် ပြသထားပြီး ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။ပြခန်းပိုင်ရှင်များက ပြပွဲအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ကြပြီး ပြည်တွင်း ထုတ် ကုန်များ၏ အရည်အသွေးကို မြှင့်တင်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ ၎င်းတို့ က ပြည်တွင်းထွက်ကုန်ပစ္စည်းများကို ဦးစားပေးခြင်းဖြင့် အမျိုးသားစီးပွားရေးကို ထောက်ပံ့ရန် ပြည်သူလူထုအား တိုက်တွန်းခဲ့ကြောင်းသိရသည်။

DOCA(ရန်ကုန်)