
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်သည် ပင်လယ်ဝန်းရံလျက်ရှိသောဒေသဖြစ်သည့်အပြင် ပင်လယ် ထွက်ကုန်များဖြင့်ကျော်ကြားလျက်ရှိပါသည်။ ရေထွက်ကုန်များမှ စမတ်ခြောက်သည် အသင့်စား အစာအစာဖြင့် ထုတ်ပိုးရောင်းချလျက်ရှိသလို ရေထွက်ကုန်အနေဖြင့်လည်းတင်ပို့ရောင်းချလျက်ရှိပါ သည်။ လိပ်ကျောက်စမတ်(ခေါ်)ငါးလိပ်ကျောက်များသည် ပင်လယ်ရေငန်ငါးတစ်မျိုးဖြစ်ပြီး အရိုးနု များနှင့်ဖွဲ့စည်းထားရှိပါသည်။ ဝိုင်းဝိုင်းပြာပြားလေးများဖြင့် အမြီးများမှာ အချွန်လေးဖြစ်နေလျက်ရှိ ပါသည်။ ပုံသဏ္ဍာန်မှာယပ်တောင်သကဲ့သို့ ဖြစ်နေပြီး အဆူးကိုလည်း ဆေးဖော်စပ်ရာတွင်သုံးစွဲကြပြီး လိပ်ကျောက်စမတ်အူကိုပါ စားသုံးနိုင်သောကြောင့် တစ်ကိုယ်လုံးပစ်ချစရာမရှိအောင်ပင်တန်ဖိုးရှိ သော ငါးဖြစ်သည်။ ဈေးကွက်တွင် ဈေးကောင်းရရှိပြီး တစ်ကောင်လျှင် ၃ဝဝဝ ကျပ်မှ ၃ဝဝဝဝ ကျပ်ခန့်အထိ ဈေးရရှိကြောင်း သိရှိရပါသည်။
လိပ်ကျောက်စမတ်ငါးမှာ အရွယ်အစားအမျိုးမျိုးရှိပြီး အကောင်ကြီးများကိုမူ လိပ်ကျောက်ငါး အခြောက်အဖြစ်ပြုလုပ်ကြကာ အကောင်ငယ်များကို စမတ်ခြောက် ပြုလုပ်ကြကြောင်း သိရှိရပါသည်။ စမတ်ခြောက်ပြုလုပ်ရာတွင် အဆိပ်ရှိနိုင်သောကြောင့် အလယ်ပိုင်းနှင့် အမြှီးပိုင်းအား ဖယ်ရှား ပြီး အဝိုင်းပုံစံပေါ်ရန် အသားကိုဓါးဖြင့်မွှန်းကာ နေရောင်ခြည်ဖြင့် အခြောက်လှန်းရပါသည်။ ထိုနောက် စမတ်ခြောက်(သို့မဟုတ်)ငါးဝိုင်းခြောက်အား ရရှိလာပါသည်။ စမတ်ခြောက်အား ဒေသတွင်း ရောင်းချကြသလို အခြားတိုင်း/ပြည်နယ်များသို့တင်ပို့ရောင်းချကြသည်။ စမတ်ခြောက်တစ် ပိဿာ လျှင်(၄၀ဝဝဝ) ကျပ်ခန့်ရှိပြီး အချို့မှာ အခြောက်ကြော်ကာ အသင့်စားငါးခြောက်အဖြစ် ဈေးများနှင့် ကုန်စုံဆိုင်များတွင် ပို့ဆောင်ရောင်းချကြပါသည်။ ၂ခု ၃ခုပါ စမတ်ခြောက် အသေးတစ်ထုတ်လျှင် (၅၀၀)ကျပ်ခန့်ရှိပြီး အထုတ်ကြီးတစ်ထုတ်လျှင်(၁၅ဝဝ)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရပါ သည်။
DOCA(တနင်္သာရီ)
