ပခုက္ကူ ဆီထွက်သီးနှံဈေးကွက်တွင် နှမ်းနက်(စမုန်)ဈေးကျလျက်ရှိ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ ဆီထွက်သီးနှံ မျိုးစုံရောင်းဝယ်ရေး ဈေးကွက် တွင် နှမ်းသီးနှံများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(စတုတ္ထပတ်)တွင် နှမ်းအမျိုးအစားနှင့် အရည် အသွေး လိုက်၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ နှမ်းနက်(စမုံ) (ရိုးရိုး)တစ်တင်းလျှင် ကျပ် (၂၀၀၀၀၀-၂၃၅၀၀၀)၊ နှမ်းနက်စမုံ(ရှယ်)တစ်တင်းလျှင် ကျပ်(၂၃၆၀၀၀-၂၃၈၀၀၀) ဖြစ်ပြီး ဒီဇင်ဘာလ (ဒုတိယပတ်)တွင် နှမ်းနက်(စမုံ) (ရိုးရိုး)တစ်တင်းလျှင် ကျပ်(၂၀၀၀၀၀ -၂၃၇၀၀၀)၊ နှမ်းနက်စမုံ(ရှယ်) တစ်တင်းလျှင် ကျပ်(၂၃၈၀၀၀-၂၄၀၀၀၀)ဖြစ်၍  ဈေးနှုန်းနှိုင်းယှဉ် ပါက တစ်တင်းလျှင် ကျပ်(၂၀၀၀) ခန့် ဈေးကျနေပြီး  အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ဈေးကွက် ဝယ်လိုအားကောင်း၍ ဈေးနှုန်းကျဆင်နေပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ပခုက္ကူပွဲရုံဈေး ကွက် သို့ရောက်ရှိသည့် နှမ်းများကို မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များ၊ နှမ်းလှော် လုပ်ငန်းရှင်များနှင့် အခြားစားသောက်ကုန် လုပ်ငန်းရှင်များမှ ဝယ်ယူမှုများကြောင်း၊ ရန်ကုန်၊ မန္တလေး ဈေးကွက်သို့ လည်း တင်ပို့လျက်ရှိကြောင်း၊ ထိုမှတစ်ဆင့် ပြည်ပတရုတ်နိုင်ငံသို့ တင်ပို့ကြောင်း သိရှိရသည်။ 

DOCA(မကွေး)