မအူပင်မြို့နယ်တွင်းရောင်းချနေသော သစ္စာပန်း ဈေးကွက်ဈေးနှုန်း အခြေအနေ

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်တွင် ဘုရားပန်းဈေးကွက်၌ သစ္စာပန်းနှင့် ကျောက်စိမ်း ဘုရားပန်းများ ရန်ကုန်သီရိမင်္ဂလာဈေးမှ ဝင်ရောက်လျက်ရှိပြီး ၂၀၂၅ခုနှစ် ဒီဇင်ဘာလအတွင်း အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တွင် မအူပင်မြို့နယ်အတွင်း ရောင်းချနေသော သစ္စာပန်း ဈေးနှုန်း အနေဖြင့် သစ္စာပန်း (၅)ခက်ပါ တစ်စီးလျှင်(၂၅၀၀-၃၀၀၀)ကျပ်၊ ဖြင့်လက်လီရောင်းချလျက်ရှိကြောင်း ဈေးကွက် အတွင်းမှသိရသည်။  ရောင်းချနေသော သစ္စာပန်း အရောင်များမှ အဖြူ၊ ပန်းရောင်၊ အနီရောင်တို့ ဖြစ်ပြီး အဖြူရောင်ပန်းနှင့် အနီရောင်သစ္စာပန်းမှာ ၅ခက်ပါ ၁စီး လျှင် ၃၀၀၀ကျပ်၊ ပန်းရောင် ၅ခက် ပါ ၁စီးလျှင် ၂၅၀၀ကျပ် ဖြင့် လက်ကားရောင်းချလျက်ရှိပြီး ၊ သစ္စာပန်း အဖြူနှင့်အနီပန်းကို  ၅ပင်စီး ၅စီးပါ အထုံး ၁ထုံးကို ငွေကျပ် ၁၂၅၀၀ကျပ် ဖြင့်လည်းကောင်း၊ အထုံး ၃၀လျှင် ၃၇၅၀၀၀ ကျပ် ရင်းနှီးရပြီး၊ ငွေကျပ် ၇၅၀၀၀ကျပ် အကျိုးအမြတ်ကျန်ရှိကြောင်း ၊ ပန်းရောင်သစ္စာပန်း ၅ပင်စီး ၅စီးပါ ၁ထုံးလျှင် ၇၅၀၀ ကျပ် ဖြင့်ဝယ်ယူရပြီး အထုံး ၃၀လျှင် ၂၂၅၀၀၀ကျပ် ရင်းနှီးရပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၇၅၀၀၀ကျပ် ကျန်ရှိကြောင်း မအူပင်မြို့နယ် ပန်းရောင်းချသူ ဦးကျော်ဆန်းထံမှ သိရသည်။  ပန်းများကို ၁ပါတ်လျှင် အထုံး ၃၀ခန့် မှာယူပြီး မအူပင်ဈေးကွက်အတွင်း ရောင်းချကြောင်း၊ သစ္စာပန်းများ အ‌ရောင်းအဝယ်‌ ကောင်းမွန် လျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)