
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာပန်းစျေးကွက်သို့ ဒီဇင်ဘာလ စတုတ္တပတ်အတွင်း ရောက်ရှိလာသောပန်းများကို အမရပူရ၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ မိတ္တီလာခရိုင်နှင့် မြင်းခြံခရိုင်တို့မှထွက်သည့် ပန်းများ၊ ရှမ်းပြည်နယ်၊ တောင်ကြီးဒေသတို့မှ ထွက်ရှိသည့် မေမြို့ပန်းများနှင့် မုံရွာမြို့ရှိ ကျေးရွာများမှထွက်ရှိသည့် ပန်းမျိုးစုံများ ဈေးကွက်သို့ အပြိုင်အဆိုင်ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
၂၀၂၅ ခုနှစ်ဒီဇင်ဘာ စတုတ္တပတ်အတွင်း ရောင်းချနေသည့် ပန်းမျိုးစုံစျေးနှုန်းများမှာ မုံရွာမြို့ထွက် မေမြို့ပန်း လက္ကားစျေး (အစီးကြီး) တစ်ထုံးလျှင် ၁၂၀၀၀ ကျပ်နှင့် ၁၅၀၀၀ ကျပ်၊ (အစီးသေး) ၁ စီးလျှင် ၂၀၀၀ ကျပ် နှင့် ၂၅၀၀ ကျပ်စျေးတို့ဖြင့် ရောင်းချလျက်ရှိပြီး ဂန္ဒမာပန်း တစ်စီးလျှင် ၃၀၀၀ ကျပ်၊ သစ္စာပန်းတစ်စီးလျှင် ၂၅၀၀ ကျပ်၊ရေမွှေးနှင်းဆီပန်း (၁၀)ပွင့်ပါ တစ်စီးလျှင် (၁၅၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။ ပန်းမျိုးစုံစျေးကွက်အတွင်း နတ်တော်လတွင် ဘုရားပွဲနှင့် အလှူပွဲတော်များ ကျင်းပသည့်အချိန်ဖြစ်၍ မေမြို့ပန်းများနှင့် ပန်းမျိုးစုံ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
