နန္ဒဝန်ဈေးသစ်တွင် ရောင်းချနေသော မျှစ်ပြုတ်နှင့် မျှစ်ခြောက်ဈေးနှုန်း

Powered by Drupal

        မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်တွင် အသား၊ ငါးများ၊ ရာသီပေါ် အသီးအရွက်များအပြင် ဖိုလ်ဝင်းတောင်ဒေသထွက် မျှစ်စိမ်း၊ မျှစ်ပြုတ်နှင့် မျှစ်ခြောက်များလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

      ၂၀၂၅ ခုနစ်၊ ဒီဇင်ဘာလ စတုတ္တပတ်တွင် မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်တွင် မျှစ်စိမ်း (၅၀)ကျပ်သားလျှင်(၂၁၀၀)ကျပ်၊ တစ်ပိဿာလျှင် (၄၂၀၀)ကျပ်၊ မျှစ်ပြုတ် (၅၀)ကျပ်သား လျှင်(၂၆၀၀)ကျပ်၊  တစ်ပိဿာလျှင် (၅၂၀၀)ကျပ်ဖြင့်လည်းကောင်း၊ မျှစ်ခြောက်ဈေးနှုန်းမှာ တစ်ဆယ်ကျပ်သားလျှင် (၃၈၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)