ကျိုက်မရောမြို့နယ်၌ ဆောင်းငရုတ်သီးများ အောင်မြင်ဖြစ်ထွန်း

Powered by Drupal

     မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရှမ်းရွာလေးကျေးရွာမှ တောင်သူများသည် လယ်ယာ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံ ဆောင်းငရုတ်သီးများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိရာအထွက်နှုန်းကောင်းပြီး ဈေးကောင်း လည်းရရှိသဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း ငရုတ်သီးများ စိုက်ပျိုးရောင်းချသူ ဦးစောအုန်း ထံမှသိရသည်။ ဆောင်းငရုတ်သီးကို ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးပြီး မတ်လနှင့်ဧပြီလတွင် စတင်ခူးဆွတ်ရကြောင်း ငရုတ်သီးမိုးမျှော်သီးများကို အများဆုံးစိုက်ပျိုးကြပြီး အထွက်နှုူန်း ကောင်းမွန်ကြောင်း တစ်ဧကလျှင် ငရုတ်သီးစိုက်ပျိုးစရိတ် ၁၅၀၀၀ ကျပ်ခန့်ကုန်ကျပြီး ငရုတ် ပိဿာ (၄၀၀) မှ (၄၅၀) အထိထွက်ရှိပြီး ဈေးကွက်အနေဖြင့် မော်လမြိုင်ဈေးနှင့် မုဒုံဈေးများသို့ တိုက်ရိုက်ရောင်းချကြကြောင်း၊ ယခုအချိန်၌ ငရုတ်သီးစိုက်ခင်းများ စိမ်းလန်းစိုပြေ၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြိး ငရုတ်သီးဈေးနှုန်းလည်းကောင်းသဖြင့် မိသားစုများ အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ငရုတ်စိုက်တောင်သူတစ်ဦးထံမှ သိရသည်။

DOCA (မွန်)