မင်္ဂလာဒုံမြို့နယ်ရှိ Myint Mahar Trading Ltd ဆေးသိုလှောင်ရုံအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

            (၁၆.၁၂.၂၀၂၅) ရက်နေ့ နံနက် (၁၁:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးပါ (၄) ဦး၊ မြို့နယ်ကျန်းမာရေးအဖွဲ့မှ ဦးမင်းမာန်ဇာ (TMO)၊ ဆေးဝါးလုပ်ငန်းရှင်အသင်းမှ ဦးစိုးမိုးကျော်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးကျော်ကျော်ထွန်း တို့ပူးပေါင်းအဖွဲ့သည် အမှတ် (၃၂၄-၃၂၇) ၊ ဇေကမ္ဘာ (၉) လမ်း၊ မင်္ဂလာဒုံမြို့နယ်ရှိ Myint Mahar Trading Ltd ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

      ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ခရိုင်ဦးစီးမှူးက ဆေးဝယ်ယူရောင်းချမှု အခြေအနေများကိုမေးမြန်းခြင်း၊ ဈေးနှုန်းဈေးကွက်အခြေအနေများကို မေးမြန်းခြင်း၊ ဆေးသိုလှောင်ထားရှိမှု ရှိ/ မရှိနှင့် ဆေးဝါးပြတ်လပ်မှု ရှိ/ မရှိတို့ကို မေးမြန်းခဲ့ပြီး ဈေးကွက်အတွင်း စံမညီဆေးဝါးရောင်းချမှု ရှိ/ မရှိကို စစ်ဆေးခြင်း၊ ထောက်ခံချက်မရှိသောဆေးများ၊ သက်တမ်းလွန်ဆေးများ ရောနှော ရောင်းချမှု ရှိ/မရှိ ကုန်အညွှန်းအမှတ်အသားပြည်စုံစွာဖော်ပြချက်နှင့် ကိုက်ညီမှုရှိ/ မရှိ၊ လုပ်ငန်းရှင်များကို ဆေးဝါးရောင်းချရာတွင် သိုလှောင်ထားခြင်း၊ ဈေးမြင့်တင်ရောင်းချခြင်းများ စစ်ဆေးတွေ့ရှိရပါက အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)