စိမ်းစားဥစျေးနှုန်း နှင့် စျေးကွက်အခြေအနေ

Powered by Drupal

     စိမ်းစားပင်ကို မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် စိုက်ပျိုးနိုင်ပြီး ‌တောင်ပိုင်းဒေသ တနင်္သာရီ တိုင်း တို့တွင်လည်းစိုက်ပျိုးနိုင်သည်။ စိမ်းစားဥသည် ဒီဇင်ဘာ၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများတွင် အထွက်များပြီး ဆောင်ရာသီများတွင် အများဆုံးစိုက်ပျိုးကြသည်။ သဲနုန်းမြေတွင် ကောင်းစွာပေါက် ရောက်ပြီး ကိုင်းမြေတွင်စိုက်ပျိုးပါက မြေကြီးကို ထွန်ယက်ပြီး စိုက်ပျိုးရမည်ဖြစ်သည်။ ဥများကောင်း စွာကြီးထွားရန်အတွက် ၅ လ မှ ၈ လ အထိအချိန်ကြာမြှင့်ပြီး အချို့မှာ ဇူလိုင်လ၊ သြဂုတ်လများတွင် စိုက်ပျိုးကြသည်။ ၎င်းအချိန်တွင် စိုက်ပျိုးပြီး နိုဝင်ဘာလမှစ၍ စိမ်းစားဥကို တူးဖော်ရောင်းချ ကြသည်။

     စိမ်းစားဥသည် အေးသောအချိန်တွင် ပို၍ ချိုပြီး စိမ်းစားဥဆိုသည့်အတိုင်း အစိမ်းစားလို့ရသလို အချို့မှာ ကြော်စားချက်စားကြသည်။ မြိတ်ခရိုင်တွင် ကျေးရွာများတွင် စီးပွားဖြစ်အများဆုံးစိုက်ပျိုး ကြပြီး မြို့များတွင် အိမ်တွင်းစားသုံးရန်အတွက်သာစိုက်ပျိုးကြသည်။ ဒေသထွက်စိမ်းစားဥများကို သစ်သီးအရောင်းဆိုင်များနှင့် စျေးများတွင် အများဆုံးရောင်းချကြသည်။ ရောင်းချရာတွင် အလုံးလိုက် မရောင်းချကြဘဲ ဥအတွဲလိုက် ၃လုံး၊ ၄လုံး၊ ၅လုံးမှ ၇လုံးအထိ ရောင်းချကြသည်။ စိမ်းစားဥ ၃လုံးတစ်တွဲလျှင် ၂၀၀၀ကျပ်ခန့်ရှိပြီး ၇လုံးတွဲကို ၅၀၀၀ခန့်ဖြင့်ရောင်းချလျက်ရှိကြောင်းသိရှိရပါ သည်။ ယခုဒီဇင်ဘာလသည် အေးသောရာသီဖြစ်သောကြောင့် စိမ်းစားဥ ဝယ်ယူမှုများပြားလျက်ရှိ ပြီး စိမ်းစားဥ စိုက်ပျိုးသူများအနေဖြင့် ဝင်‌ငွေကောင်းရရှိလျက်ရှိပါသည်။

DOCA(တနင်္သာရီ)