
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင် ဝက်မြေဥ (ခေါ်) မြေစာဥနှင့် ပန်းဂေါ်ဖီစိမ်းများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ဝက်မြေဥ(ခေါ်)မြေစာဥနှင့် ပန်းဂေါ်ဖီစိမ်းများကို ဒေသအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး စားဖိုဆောင်သီးနှံများကို စိုက်ပျိုးထားကြသည့်အတွက် ဝက်မြေဥ(ခေါ်)မြေစာဥနှင့် ပန်းဂေါ်ဖီစိမ်းများစိုက်ပျိုးသော တောင်သူများ ဝင်ငွေတိုးတက်လျက်ရှိ ကြောင်းသိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ တတိယအပတ်အတွင်း ရောင်းချနေသော ဝက်မြေဥ(ခေါ်)မြေစာဥ ဈေးနှုန်းမှာ တစ်ပြည်လျှင်(၁၂၀၀၀)ကျပ်၊ အလားတူ ပန်းဂေါ်ဖီစိမ်းဈေးနှုန်းများမှာ (၁၅၀၀-၂၅၀၀) ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေ သောဈေးသည် တစ်ဦးထံမှသိရှိရပါသည်။
DOCA(စစ်ကိုင်း)
