မိတ္ထီလာမြန်မာ့သနပ်ခါးတုံး ဈေးနှုန်းဈေးကွက်

Powered by Drupal

       မိတ္ထီလာဈေးကွက် ဒီဇင်ဘာလ  ဒုတိယပတ်အတွင်း မြန်မာ့ရိုးရာသနပ်ခါး(၁)တုံးလျှင် (၁၅၀၀ မှ ၅၀၀၀)ကျပ် ဖြင့်ရောင်းချလျက်ရှိရာ အရွယ်အစားနှင့်အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းများကွာခြားကြောင်း သနပ်ခါးရောင်းချသူများထံမှ သိရှိရပါသည်။

          မိတ္ထီလာမြို့မဈေးတွင် သနပ်ခါးတုံးများ ပုံမှန်အရောင်းအဝယ်ရှိကြောင်း သိရပါသည်။ မိတ္ထီလာဈေးကွက်ရှိ သနပ်ခါးတုံးများမှာ ပခုက္ကူဘက်မှအများဆုံး ဝင်ရောက်လျက်ရှိပြီး ရောင်းချမှုအနေဖြင့် မိတ္ထီလာမြို့ရှိရပ်ကွက် ကျေးရွာများနှင့် မိတ္ထီလာမြို့သို့လာရောက်သော ဧည့်သည်များမှ အိမ်အပြန်လက်ဆောင်အဖြစ်ဝယ်ယူကြကြောင်း သိရပါသည်။ သနပ်ခါးကို မြန်မာအမျိုးသမီးများ ကြိုက်နှစ်သက်စွာအသုံးပြုကြပြီး ကဗျာ/သီချင်းများစပ်ဆိုရသည်အထိ ထင်ရှား၍ မြန်မာ့ရိုးရာ အလှတရားတွင်သနပ်ခါးသည် အရေးပါသောအခန်း ကဏ္ဍတွင်ပါဝင်ပြီး အမျိုးသမီးသည် မျက်နှာတွင် သနပ်ခါးဖြင့် အလှဆင်လေ့ရှိကြောင်းသိရှိရပါသည်။ မြန်မာနိုင်ငံတွင် သနပ်ခါးသည် သဘာဝအလှကုန်ပစ္စည်းအဖြစ်ဈေးကွက်တွင် အရေးပါပြီး နိုင်ငံတကာတွင်လည်း စိတ်ဝင်စားမှုများလာကြောင်း သနပ်ခါးသည် ကျန်းမာရေးနှင့်အလှအပတို့အတွက် တန်ဖိုးမဖြတ်နိုင်သော သဘာဝလက်ဆောင်တစ်ခုဖြစ်ကြောင်း သိရပါသည်။

DOCA(မန္တလေး)