နိုဝင်ဘာလတွင် အိန္ဒိယနိုင်ငံ၏ စားအုန်းဆီတင်သွင်းမှုများမြင့်တက်လျက်ရှိ

Powered by Drupal

          အိန္ဒိယနိုင်ငံ၏ နိုဝင်ဘာလအတွင်း စားအုန်းဆီတင်သွင်းမှုများသည် စားအုန်းဆီဈေးနှုန်းများကျဆင်းခြင်း၊ ပဲပိစပ်ဆီနှင့်နေကြာဆီတင်သွင်းမှုများလျော့ခြင်းတို့ကြောင့် မြင့်တက်လာကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံ၏ စားအုန်းဆီတင်သွင်းမှုမြင့်တက်ခြင်းသည် စားအုန်းဆီထိပ် သီးထုတ်လုပ်သူများဖြစ်ကြသည့် အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံများအား အထောက်အကူပြုလျက်ရှိကြောင်း သိရပါသည်။ နိုဝင်ဘာလအတွင်းစားအုန်းဆီတင်သွင်းမှုသည် တန်ချိန် ၆၃၂၃၄၁ မက်ထရစ်တန်သို့ရောက်ရှိခဲ့ပြီး အောက်တိုဘာလတင်သွင်းမှုထက် ၅ ရာခိုင်နှုန်း မြင့် တက်လာကြောင်း သိရပါသည်။ ပဲပိစပ်ဆီတင်သွင်းမှုသည် တန်ချိန် ၃၇၀၆၆၁ တန်သို့ရောက်ရှိခဲ့ပြီး ၁၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းနှင့် နေကြာဆီတင်သွင်းမှုသည်လည်း တန်ချိန် ၁၄၂၉၅၃ တန် သို့ရောက်ရှိခဲ့ပြီး ၄၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံသည် ကာနိုလာ ဆီအား UAE မှ တန်ချိန် ၅၀၀၀ တန်ခန့်တင်သွင်းခဲ့ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံသည် နိုဝင်ဘာလတွင် ၎င်း၏ ပုံမှန်ဝယ်ယူလေ့ရှိသော တောင်အာဖရိကမှ ပဲပိစပ်ဆီများကို ဝယ်ယူခြင်းမပြုလုပ်ဘဲ တရုတ်နိုင်ငံမှ ဈေးနှုန်းလျော့ချ၍ ရောင်းချခြင်းကြောင့် ပဲပိစပ်တန်ချိန် ၆၉၉၁၉ တန် အားတရုတ်နိုင်ငံမှ တင်သွင်းခဲ့ကြောင်း သိရပါသည်။ စားအုန်းဆီ‌ဈေးနှုန်းသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ဖြင့်ဝယ်ယူ၍ ရရှိခြင်းကြောင့် အိန္ဒိယနိုင်ငံမှ ကုန်သည်များသည် ဒီဇင်ဘာလတွင် စားအုန်းဆီများကို ပိုမိုဝယ်ယူရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

Source: Reuters                                                                         

DOCA (ရန်ကုန်)