
၁၂.၁၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ သထုံမြို့မဈေးရှိ အရန်သင့်အစားအစာအမျိုးမျိုး ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အရန်သင့်အစားအစာအမျိုးမျိုးအပေါ်၌ ကုန်အညွှန်းအမှတ်အသားအား မြန်မာဘာသာဖြင့်ပြည့်စုံစွာ ဖော်ပြခြင်းရှိ/ မရှိ စစ်ဆေးခြင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက် ရှိ/မရှိ စစ်ဆေးပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသော အရန်သင့်အစားအစာ အမျိုးမျိုးကိုသာ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA (မွန်)
