
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (စစ်ဆေးရေးအရာရှိ)နှင့် ဝန်ထမ်းများသည် (၁၅.၁၂.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၆း၀၀)နာရီအချိန်ခန့်တွင် ရွှေကျီးကုမ္မဏီ မုန့်ထုတ်လုပ်ရေးလုပ်ငန်းအား အမှတ်(၈၉)၊ ကနောင်မင်းသားကြီးလမ်း၊ အရှေ့ဒဂုံမြို့နယ်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရွှေကျီးအမှတ်တံဆိပ်မုန့်အမျိုးအမျိုးတွင် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များပါရှိခြင်း ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိရပြီး ရွှေကျီးမုန့်လုပ်ပုံအဆင့်ဆင့်ကိုမေးမြန်းပြီး ၎င်းတို့ပြုလုပ်နေသော ရွှေကျီးမုန့်အမျိုး မျိုးတွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/ မရှိ၊ ကုန်စည်၏ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ ပတ်ဝန်းကျင်သန့်ရှင်းမှု သက်ဆိုင်ရာဌာနထောက်ခံချက်များရှိ/ မရှိ စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေတွင်ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအား အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
