အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံခြင်းရှိ/ မရှိစစ်ဆေးခြင်း

Powered by Drupal

        (၁၀.၁၂.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် တိုက်ကြီးမြို့နယ်၊ ပြည်လမ်း၊ ဘူတာရပ်ကွက်ရှိဆိုင်များတွင် အသင့်စားမုန့်အမျိုးမျိုးရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဒေါ်သန္တာရှိန်၊ ဦးဖြိုးဝေအောင်နှင့် ဒေါ်ဝင်းဝင်းထက်ဆိုင်များတွင် ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးမှာ ထောပတ်ကွတ်ကီး၊ အာလူးကြော်၊ ထိုင်ဝမ်မုန့်ကျွတ်၊ ကြက်ဥမရွေး၊ ငှက်ပျောသီးကိတ်၊ သီးစုံကိတ်၊ ထောပတ်ခရက်ကာ၊ နို့အရသာကိတ်နှင့် ပေါင်မုန့် ကြက်ဥချောင်းစသော အမှတ်တံဆိပ်များတွင် စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉၊ အခန်း(၁၈)တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာဖော်ပြထားကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)