
(၉.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့သည် ရွှေပြည်သာမြို့နယ်အတွင်းရှိ ဆန်/ စပါး သိုလှောင်ရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ရွှေပြည်သာမြို့နယ်အတွင်းရှိ Mahar Thengkha၊ Paddy Star၊ Shoon Myat၊ BMI နှင့် U Tun Zaw Min Co.,Ltd များမှ မိမိတို့ဆောင်ရွက်နေသော ဆန်စပါးသိုလှောင်ရုံခြင်းများကို အခြေအနေအရပ်ရပ်ကြောင့် ဆန်စပါးသိုလှောင်ရုံကဏ္ဍများကို Myanmar Rice Onlin-MyRo တွင် ပယ်ဖျက်ခွင့်လျှောက်ထားခြင်းနှင့် ပတ်သက်၍ မြေပြင်အမှန်တကယ်ဆောင် ရွက်နေခြင်းရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
