ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာနစု(လှည်းကူး)ရှိ ဓာတ်ခွဲခန်း အလိုက် ၂၀၂၅ခုနှစ် ဒီဇင်ဘာလအတွင်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ခဲ့မှု အခြေအနေ

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲ ရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ၏ ဓာတ်ခွဲခန်းများမှ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာအတွင်း လုပ်ငန်းရှင် ၂၈ ဦးက အပ်နှံလာသော သီးနှံ အမျိုးအစား ၁၄ မျိုး၊ စုစုပေါင်းနမူနာအရေအတွက် ၇၈ ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၁၄၈ ခုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

         ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း လယ်ယာထွက်ကုန်ပို့ကုန်များအား တရုတ် နှင့် ဂျပန် နိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် ဆန်ဖြူ၊ ဆန်ကွဲ၊ နှမ်းနက်သိပ္ပံ၊ နှမ်းညို၊ နှမ်းဖြူ၊ ပြောင်းဖူးစေ့၊ အခွံချွတ်ပဲလွန်း၊ ပဲစဉ်းငုံဖြူ၊ ပဲတီစိမ်း၊ ဆန်လုံးညို တို့တွင် ပိုးသတ်ဆေးဓာတ်ကြွင်း ပါရှိမှု၊ မှိုဆိပ် ပါရှိမှု၊ သီးနှံဓာတုအရည်အသွေးနှင့် သီးနှံရူပအရည်အသွေး စသည့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ပါသည်။

          ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးဓာတ်ကြွင်းဓာတ်ခွဲခန်းမှ ၆၄ ခု၊  မှိုဆိပ်ဓာတ်ခွဲခန်းမှ ၁၉ ခု၊ ဆီနှင့်ဆီထွက်သီးနှံဓာတ်ခွဲခန်းမှ ၂၄ ခု၊ သီးနှံဓာတု ဓာတ်ခွဲခန်း မှ ၂၂ ခု၊ သီးနှံရူပဓာတ်ခွဲခန်းမှ ၁၉ ခု၊ စုစုပေါင်းဓာတ်ခွဲစမ်းသပ်မှု ၁၄၈ ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။

သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ