မိတ္ထီလာခရိုင်အတွင်း အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများနှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဆက်သွယ်ရေးမိတ္ထီလာခရိုင်အတွင်းရှိ အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ 

       ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍနှင့် စပ်လျဉ်း၍ အင်တာနက်ဝင်ဆောင်မှုအပါအဝင် ဆက်သွယ်ရေးကဏ္ဍစုံအား စစ်ဆေးခြင်း၊ စားသုံးသူနစ်နာမှု မရှိစေရေးအတွက် သိသင့်သိထိုက်သည့် အချက်အလက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်နေကြောင်း၊ သို့ဖြစ်ပါ၍ ကုမ္ပဏီများမှ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များ လိုက်နာရမည့် ဆုံးဖြတ်ချက် (၃) ချက်နှင့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့်လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများသို့ ညွှန်ကြားထားသည့် အချက် (၁၁) ချက်အပေါ် လိုနာဆောင်ရွက်သွားရန် ပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့ မိတ္ထီလာမြို့ရှိ ဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္ပဏီ(၆)ခုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)