
ယခုနှစ် ပထမ ၁၁ လအတွင်း ဗီယက်နမ်နိုင်ငံ၏ ငရုတ်ကောင်းတင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော်ရှိကြောင်း ဗီယက်နမ်ငရုတ်ကောင်း နှင့် ဟင်းခတ်အမွှေးအကြိုင်အသင်း ၏ ပြောကြားချက်ကို ကိုးကား၍ ဗီယက်နမ်သတင်းအေဂျင်စီက ဒီဇင်ဘာ ၈ ရက်တွင် ထုတ်ပြန် ထားသည်။
ယင်းကာလအတွင်း ဗီယက်နမ်နိုင်ငံသည် ငရုတ်ကောင်းနက် တန်ချိန် ၁၉၂၈၉၉ တန်နှင့် ငရုတ်ကောင်းဖြူ တန်ချိန် ၃၂၁၁၀ အပါအဝင် ငရုတ်ကောင်းတန်ချိန် ၂၂၅၀၀၉ တန် ကို တင်ပို့နိုင် ခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်းနက်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၅ ဘီလီယံခန့်နှင့် ငရုတ်ကောင်းဖြူတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၆၂ သန်းကျော် ဝင်ငွေရရှိကြောင်း သိရသည်။
အမေရိကန်သည် ငရုတ်ကောင်း တန်ချိန် ၄၈၈၄၉ တန် သို့မဟုတ် စုစုပေါင်းတင်ပို့မှု ၏ ၂၁ ဒသမ ၇ ရာခိုင်နှုန်းဖြင့် ဗီယက်နမ်ငရုတ်ကောင်းအတွက် အကြီးမားဆုံးဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
Source: ဆင်ဟွာ
DOCA(ပြည်ထောင်စုနယ်မြေ)
