
အိန္ဒိယနိုင်ငံ၏ ၂၀၂၅ ခုနှစ်အတွက် ကြက်သွန်နီတင်ပို့မှုများသည် ရူပီး ၁၁၀၀ ကုဋေကျော်ခန့် ကျဆင်းခဲ့ပြီး အဆိုပါကျဆင်းမှုများသည် အစိုးရ၏ ကန့်သတ်ချက်များ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကဲ့သို့ အဓိကဈေးကွက်များမှ ဝယ်လိုအားကျဆင်းလာမှုနှင့် အိမ်နီးချင်းနိုင်ငံများမှ ပြိုင်ဆိုင်မှုများ ပြင်းထန်လာခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါကျဆင်းမှုကြောင့် ကြက်သွန်နီစိုက်ပျိုးသော လယ်သမားများသည် ငွေရေးကြေးရေးဆိုင်ရာဖိအားများနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။ ကုန်သည်များက တင်ပို့မှုများသည် တင်ပို့မှုအခွန်မြင့်မားခြင်း၊ ပြိုင်ဘက်နိုင်ငံများမှ ပြည်တွင်းထုတ်လုပ်မှုအားကောင်းလာခြင်း၊ ငွေကြေးအတက်အကျများ၏ ကန့်သတ်ခြင်းခံနေရကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံသည် ကြက်သွန်နီတင်ပို့မှုမှဝင်ငွေ ရူပီး ၄၅၀၀ ကုဋေခန့်ရရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကြက်သွန်နီတင်ပို့မှုမှ ဝင်ငွေ ရူပီး၁၇၀၀ ကုဋခန့် ရရှိခဲ့ကြောင်း သိရပါသည်။ ယခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၎င်း၏ပြည်တွင်း ဈေးကွက်ကို အထောက်အပံ့ပေးရန်အတွက် ကြက်သွန်နီတင်သွင်းခြင်းရပ်ဆိုင်းမှုကြောင့် အိန္ဒိယနိုင်ငံ၏ ကြက်သွန်နီတင်သွင်းမှုမှ ဝင်ငွေ ရူပီး ၃၁၀၀ ကုဋေခန့်သာရရှိခဲ့ကြောင်း သိရပါသည်။ ကန့်သတ်မှုများမပြုလုပ်ခင် ၂၀၂၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံသည် ကြက်သွန်နီတန်ချိန် ၂.၅သန်းတန်ခန့် တင်သွင်းခဲ့ကြောင်းသိရပါသည်။ ကြက်သွန်နီတင်ပို့သူများ အဖွဲ့အစည်းမှ ဒုဥက္ကဌဆိုသူ Vikas Singh က အိန္ဒိယနိုင်ငံသည် နှစ်စဉ်ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ အင်ဒိုနီးရှားနိုင်ငံများသို့ ကြက်သွန်နီတန်ချိန်၂၅ သိန်းမှ ၂၈ သိန်းအထိ တင်ပို့လျက်ရှိပြီး ၂၀၂၃ ခုနှစ်မှ ၂၀၂၅နှစ်တွင် ၁၅ သိန်းခန့်သာ တင်ပို့နိုင်ခဲ့ကြောင်းပြောကြားခဲ့ပါသည်။ အဆိုပါအဖွဲ့အစည်းက အိန္ဒိယနိုင်ငံအစိုးရအား တင်သွင်းမှုများမြှင့်တင်ရန် တွန်းအားပေးလျက်ရှိကြောင်း သိရပါသည်။
Source: Fresh Plaza
DOCA (ရန်ကုန်)
