အာရှသို့ရေနံ တင်ပို့မှုကို မြှင့်တင်ရန်ရည်ရွယ်၍ ရေနံပိုက်လိုင်း တည်ဆောက်မည့် ကနေဒါနိုင်ငံ

Powered by Drupal

         ကနေဒါဖက်ဒရယ်အစိုးရနှင့် ရေနံထုတ်လုပ်သော ကနေဒါနိုင်ငံ အယ်လ်ဘာတာ ပြည်နယ်တို့သည် အာရှဈေးကွက်သို့ တင်ပို့ရောင်းချနိုင်စေရန်ရည်ရွယ်၍ ရေနံပိုက်လိုင်းတည်ဆောက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU) ကို နိုဝင်ဘာလ ၂၇ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ MOU အရ ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရများသည် ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းသော ကတ္တရာစေး တစ်နေ့လျှင် အနည်းဆုံး စည်ပေါင်း ၁ သန်း သယ်ယူနိုင်သော ပုဂ္ဂလိကကဏ္ဍ ပိုက်လိုင်းဖွံ့ဖြိုးတိုးတက်ရေးကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သည်။ စာချုပ်ပါ စည်းကမ်းချက်များအရ ဖက်ဒရယ်အစိုးရသည် မဟာဗျူဟာကျသော ရေနက်ဆိပ်ကမ်းမှ အာရှဈေးကွက်များသို့ ကတ္တရာစေးတင်ပို့မှုကို ခွင့်ပြုပေးမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ကမ္ဘာ့ကုန်သွယ်ရေးပြောင်းလဲမှုများနှင့် မသေချာမရေရာမှုများကြောင့် ကနေဒါနှင့် အယ်လ်ဘာတာတို့သည် ပိုမိုခိုင်ခံ့ပြီး ရေရှည်တည်တံ့ကာ လွတ်လပ်သော အယ်လ်ဘာတန်နှင့် ကနေဒါစီးပွားရေးကို တည်ဆောက်ရန် မိတ်ဖက်အသစ်တစ်ခုကို ကြိုးပမ်းနေကြောင်း ကနေဒါဝန်ကြီးချုပ် Mark Carney က ပြောကြားခဲ့သည်။ ကျွန်တော်တို့ ကနေဒါကို စွမ်းအင်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ထုတ်လွှတ်မှုကိုတွန်းလှန်ပြီး ပို့ကုန်ဈေးကွက်များအား ကွဲပြားအောင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အကျိုးစီးပွားအတွက် စီမံကိန်းတစ်ခုအဖြစ် သတ်မှတ်ထားသော ပိုက်လိုင်း၏ လျှောက်လွှာကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက် နေ့ သို့မဟုတ် မတိုင်မီ အတည်ပြုချက်အတွက် အများဆုံး ၂ နှစ် အချိန်ကာလဖြင့် ပိုက်လိုင်းရုံးသို့ တင်ပြရန်မျှော်လင့်ထားကြောင်း MOU အရ သိရှိပါရသည်။

Source : Xinhua                                                                                  

DOCA(ရန်ကုန်)