
ဥရောပသမဂ္ဂ (EU) သည် သွင်းကုန်အကာအကွယ်ပေးမှုဆိုင်ရာ စည်းမျဉ်းတစ်ရပ်အောက် တွင် ၎င်း၏ စပါးစိုက်ပျိုးသူများနှင့် ဆန်ကြိတ်ခွဲသူများကို ကာကွယ်ရန် အိန္ဒိယနှင့် အခြားအာရှနိုင်ငံ များထံမှ ဆန်တင်သွင်းမှုကို ကန့်သတ်သွားမည်ဖြစ်သည်။ အိန္ဒိယနှင့် လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက် (FTA) အတွက် အခန်း ၂၃ ခန်းအနက် ၁၁ ခန်းကို သဘောတူညီပြီးဖြစ်သော် လည်း EU အနေဖြင့် ယခုကဲ့သို့ဆုံးဖြတ်ချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ဥရောပကောင်စီနှင့် ဥရောပပါလီမန်တို့သည် မကြာသေးမီက ချမှတ်လိုက်သည့် ဆုံးဖြတ် ချက်အသစ်တွင် အိန္ဒိယနှင့် အခြားအာရှနိုင်ငံရှိ ထုတ်လုပ်သူများထံမှ တင်ပို့မှုအပေါ် ဦးတည်ထား သော ဘာစမာတီနှင့် ဘာစမာတီမဟုတ်သော ဆန်အမျိုးအစားများ တင်သွင်းမှုကို အလိုအလျောက် အကာအကွယ်ပေးသည့် စည်းမျဉ်းတစ်ရပ်ကို အတည်ပြုလိုက်ကြောင်း၊ ဒီဇင်ဘာလ ၁ ရက်၊ တနင်္လာနေ့တွင် ဥရောပကောင်စီနှင့် ဥရောပပါလီမန်တို့က သဘောတူညီချက်ရယူခဲ့သည့် အဆိုပါ ဆန်တင်သွင်းမှုအတွက် အလိုအလျောက် အကာအကွယ်ပေးသည့် စည်းမျဉ်းသည် အကောက်ခွန် နှုန်းထားတစ်ရပ်ဖြင့် တင်သွင်းခွင့် ခွဲတမ်းကန့်သတ်ချက်စနစ်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ဥရောပသမဂ္ဂသို့ ဆန်တင်သွင်းမှု ပမာဏသည် ယခင်ကာလ ပျမ်းမျှတင်သွင်းမှုထက် သိသိသာသာ ကျော်လွန်သွားပါက အဆိုပါ အကာအကွယ်ပေးသည့် စည်းမျဉ်းသည် အလိုအလျောက် အသက် ဝင်စေမည်ဖြစ်ကြောင်း၊ ယင်းသို့ အသက်ဝင်လာပါက သတ်မှတ်ထားသည့်ကာလအတွင်း ဆန်တင် သွင်းလာမှုအားလုံးသည် အထူးခံစားခွင့်ရှိနိုင်ငံများ (MFN) ၏ အကောက်ခွန်နှုန်းထားအတိုင်း အခွန် ဆောင်ရမည်ဖြစ်ပြီး ဥရောပသမဂ္ဂ၏ ဆန်စျေးကွက်ကို ကာကွယ်ရန် ရည်ရွယ်ထားကြောင်း၊ အဆို ပါ ပြဋ္ဌာန်းချက်သည် ၂၀၂၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ အာဏာတည်မည်ဖြစ်ကြောင်း သိရှိ ရသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဥရောပသမဂ္ဂကောင်စီမှ ပြင်ဆင်ထားသည့် မှတ် တမ်းတစ်ခုအရ တတိယနိုင်ငံများမှ ဥရောပသမဂ္ဂ၏ ဆန်တင်သွင်းမှုသည် တန်ချိန် ၁.၅ သန်းခန့်ရှိ မည်ဟု ခန့်မှန်းထားပြီး အဓိကတင်သွင်းသည့်ဒေသများမှာ အိန္ဒိယ၊ ပါကစ္စတန်နှင့် EBA ဟု ခေါ်ဆို သော လက်နက်မှလွဲ၍ကျန်ပစ္စည်းများ ကုန်သွယ်မှုပြုရာတွင် အခွန်သက်သာခွင့်ပေးအပ်ထားသည့် နိုင်ငံများဖြစ်ကြသော အဓိကအားဖြင့် မြန်မာနှင့် ကမ္ဘောဒီးယား နိုင်ငံများဖြစ်သည်ဟု ဖော်ပြထား ကြောင်း၊ EBA နိုင်ငံများသည် ဆန်အမျိုးအစားအားလုံးနှင့် ပြုပြင်ထုတ်လုပ်မှုအဆင့် အားလုံး အတွက် ဦးစားပေးအကောက်ခွန်ကင်းလွတ်ခွင့် အခွင့်ထူးခံစားခွင့်ရှိကြောင်း သိရှိရသည်။
နယူးဒေလီမြို့ အခြေစိုက် ဆန်လုပ်ငန်းသုံးသပ်သူ S. Chandrasekaran က ဥရောပတွင် ဆန်စျေးကွက်သည် လွတ်လပ်သောစျေးကွက်မှ လက်ငင်းရောင်းဝယ်သူ အနည်းငယ်သာ ကြီးစိုး သည့် စျေးကွက်စနစ်သို့ပြောင်းလဲသွားလိမ့်မည်ဟု ကောက်ချက်ချထားသည်။ ဥရောပရှိလုပ်ငန်းရှင် တစ်ဒါဇင်ခန့်သာ အကျိုးအမြတ်ရရှိမည်ဖြစ်သော်လည်း အိန္ဒိယမှ ထုပ်ပိုးပြီးဆန်နှင့် စပါးခွံချွတ်ပြီး ဆန်လုံးညို တင်ပို့သူများကိုမူ ထိခိုက်လာနိုင်ကြောင်း၊ ထို့အပြင် အိန္ဒိယသည် ဆန်တန်ချိန် ၁.၄၂ သိန်းခန့်ကို ထုပ်ပိုးပြီး ပုံစံဖြင့် တင်ပို့နေကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ဥရောပဆန်ကြိတ်ခွဲသူများ၏ ကိုယ်ပိုင်အမှတ်တံဆိပ်များကို မြှင့်တင်ရန်အားထုတ်မှုတစ်ရပ် အဖြစ် ယခုကဲ့သို့ ဆုံးဖြတ်ချက်ကို မြင်တွေ့ရကြောင်း၊ သို့ရာတွင် ထုပ်ပိုးပြီးဘာစမာတီဆန် သို့မ ဟုတ် အထူးဆန်အမျိုးအစားများဖြစ်သည့် Ponni (သို့မဟုတ်) Sona Masuri ကဲ့သို့သော ဆန်များ ၏ ရောင်းအားသည် တန်ချိန် ၄၈,၀၀၀ ခန့်သာ ရှိကြောင်း၊ ဥရောပသမဂ္ဂသည် ၂၀၁၉ ခုနှစ်၌ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံများမှ ဆန်တင်သွင်းမှုများအပေါ် အကာအကွယ်ခွန်စည်းကြပ်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် သက်တမ်းကုန်ဆုံးခဲ့ကြောင်း၊ လက်ရှိအဆိုပြုချက်များအတွက် ဆွေးနွေးမှုများကို ၂၀၂၂ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
Source: SS Rice News,8 December 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
