စိန်ရွှေမြဆန်ရောင်းဝယ်ရေး အရောင်းဆိုင်သို့ (Myro)တွင်မှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    (၂၆.၁၁.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ပူးပေါင်း၍ အမှတ်(၁)၊ မြင်တော်သာလမ်း၊ ၃/မာန်မြေရပ်ကွက်၊ သာကေတမြို့နယ်ရှိ စိန်ရွှေမြဆန်ရောင်းဝယ်ရေးအရောင်းဆိုင်သို့ မြန်မာဆန်/ စပါးအွန်လိုင်း(Myro)တွင် မှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ကွင်းဆင်းအသိပညာပေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)က ဆန်လက်လီ၊ လက္ကားရောင်းချနေသော ဆန်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန် သတ်မှတ်ထားသည့်ရည်ညွှန်းဈေးဖြင့်သာရောင်းချပေးရန်၊ ဆန်ဈေးနှုန်းများကို အများပြည်သူမြင်သာသည့်နေရာတွင် မြင်သာသောအရွယ်အစားဖြင့် ရေးသားဖော်ပြ၍ရောင်းချကြရန်၊ ဆန်စပါးသိုလှောင်မှုအနေဖြင့် မြန်မာ့ဆန်စပါးအွန်လိုင်း Myanmar Rice Online (My RO)တွင် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်ထားကြရန် အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)