လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ဇုန် (၃) ရှိ မြေကွက်အမှတ် (၅၁) တွင် နိုင်ငံတကာအဆင့်မီ ဆန်စက်၊ ဖွဲနုဆီ(ဆီချော)စက်ရုံ၊ စပါးအခြောက်ခံလုပ်ငန်းပြုလုပ်မည့်နေရာအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

        (၂၅.၁၁.၂၀၂၅) ရက်နေ့ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ နိုင်ငံတကာအဆင့်မီ ဆန်စက်၊ ဖွဲနုဆီ(ဆီချော)စက်ရုံ၊ စပါးအခြောက်ခံလုပ်ငန်း ပြုလုပ်မည့်နေရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးအောင်ဘော်ပါ (၃) ဦး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်လဲ့လဲ့စိုး၊ ဒုဦးစီးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ (၁) ဦး၊ မြို့နယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့များသည် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြန်မာအဂရီဘစ္စနက်ပက်ဘစ်ကုမ္ပဏီလီမိတက် (Myanmar Agribusiness Public Company Limited) က ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲလျက်ရှိသော မြေကွက်အမှတ် (၅၁) တွင် နိုင်ငံတကာအဆင့်မီဆန်စက်၊ ဖွဲနုဆီ(ဆီချော)စက်ရုံ၊ စပါးအခြောက်ခံလုပ်ငန်းဆောင်ရွက်ရန်အတွက် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)