အွန်လိုင်းမှတ်ပုံတင်လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ မြေပြင်စစ်ဆေးဆောင်ရွက်

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ခရိုင်ရုံးဝန်ထမ်း(၂)ဦးသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၆)ရက်နေ့တွင် အွန်လိုင်းမှတ်ပုံတင်လျှောက်ထားလာသည့် စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ နယ်မြေ(၁၃)ရှိ CMMK (ချစ်မို့ပိုးထည်၊ ချည်ထည်)လုပ်ငန်းသို့ ကွင်းဆင်း မြေပြင်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ မြေပြင်စစ်ဆေးခဲ့ရာတွင် အွန်လိုင်းမှတ်ပုံတင်လျှောက်ထားစဉ်က တင်ပြထားသည့်  အချက်အလက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှု့ရှိ၊ မရှိ DOCA Mobile Application ဖြင့် စစ်ဆေးခဲ့ပြီး ‌စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက CMMK (ချစ်မို့ပိုးထည်၊ ချည်ထည်) အွန်လိုင်းလုပ်ငန်းရှင်အား ၅၀/၂၀၂၃ နှင့် ၅၁/၂၀၂၃ အမိန်ကြော်ငြာစာပါ အကြောင်းအရာများ၊ မှတ်ပုံတင်၊ သက်တမ်းတိုး၊ ပြင်ဆင်ကြေးတို့အတွက် သတ်မှတ်နှုန်းထားများအကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ၊ ဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)