သီရိလင်္ကာနိုင်ငံ၌ တင်ပို့ကုန်များမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၄၃ ဘီလီယံအထိ ရှိလာ

Powered by Drupal

    သီရိလင်္ကာနိုင်ငံသည် ယခုနှစ် ပထမ ၁၀ လအတွင်း တင်ပို့ကုန်များမှ ဝင်ငွေ အမေရိကန် ဒေါ်လာ ၁၄ ဒသမ ၄၃ ဘီလီယံ ရရှိခဲ့ရာ ယမန်နှစ် အလားတူကာလ ကထက် ခြောက်ရာခိုင်နှုန်း မြင့်တက်လာကြောင်း ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(အီးဒီဘီ)က နိုဝင်ဘာ ၂၅ ရက်တွင် ပြောသည်။

    သီရိလင်္ကာနိုင်ငံ၌  ဇန်နဝါရီလမှ  အောက်တိုဘာလအထိ   ပို့ကုန်များမှ အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံ ကျော်လွန်လာခြင်းမှာ ပထမဆုံးအကြိမ်ဖြစ် ကြောင်း အီးဒီဘီက ပြောသည်။ အုန်းသီးအခြေပြုထုတ်ကုန်များသည်   ယခုနှစ် ပထမ ၁၀ လအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ တစ်ဘီလီယံကို ကျော်လွန်ပြီး စံချိန်မှတ်တမ်းသစ် တင်နိုင်ခဲ့သည်။

Source: ဆင်ဟွာ                                                               

DOCA(ပြည်ထောင်စုနယ်မြေ)