၂၀၂၅ ခုနှစ်တွင် ကော်ဖီတင်ပို့မှုမှတစ်ဆင့် ဝင်ငွေအမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော်ရရှိရန် ခန့်မှန်းရသည့် ဗီယက်နမ်

Powered by Drupal

           ဗီယက်နမ်ကော်ဖီ-ကိုကိုးအသင်း (Vicofa) က ၂၀၂၅ ခုနှစ်တွင်ကော်ဖီတင်ပို့မှုမှတစ်ဆင့် ဝင်ငွေအမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော်ရရှိရန် ယုံကြည်ချက်ရှိနေကြောင်း သိရပါသည်။ အသင်း၏အဆိုအရ ထိုခန့်မှန်းမှုသည် ထုတ်ကုန်အရည်အသွေးတိုးတက်ခြင်း၊ ပြုပြင်ထုတ်လုပ်ထားသည့် ထုတ်ကုန်အချိုးအစားမြင့်တက်ခြင်းနှင့် ရေရှည်ဗျူဟာမြောက်စိုက်ပျိုးမှုကိုအခြေခံ၍ ဈေးကွက်တိုးချဲ့ခြင်းစသည့် အဓိကအချက် ၃ ချက်အပေါ် အခြေခံကြောင်း သိရပါသည်။ စိုက်ပျိုးမွေးမြူ‌ရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏အဆိုအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ဗီယက်နမ်သည် ကော်ဖီတန်ချိန် ၁.၃ သန်းတင်ပို့ရာမှ ဝင်ငွေအမေရိကန် ဒေါ်လာ ၇.၄၁ ဘီလီယံရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၆၁.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ပျမ်းမျှတင်ပို့သည့်ဈေးနှုန်းမှာ တစ်တန်လျှင် ၅၆၅၃ အမေရိကန် ဒေါ်လာဖြစ်ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၄၂.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။  အသင်းက ၂၀၂၀ ခုနှစ်မတိုင်မီက နည်းပါးသည့်ဈေးနှုန်းများကြောင့် စိုက်ပျိုးရေးသမားများမှာ ၎င်းတို့၏ကော်ဖီစိုက်ပျိုးမှုကို လျှော့ချခဲ့ခြင်းက ရောင်းအားလျော့ကျစေခဲ့ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် လုပ်ငန်းများသည် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီသော အရည်အသွေးတိုးတက်စေရန် စဉ်ဆက်မပြတ်ထုတ်လုပ်မှုကွင်းဆက်တွင် ရင်းနှီးမြှုပ်နှံမှုမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ကမ္ဘာလုံးဆိုင်ရာရောင်းလိုအားတင်းကျပ်နေသော်လည်း ဝယ်လိုအား ဆက်လက်မြင့်တက်ခြင်းကြောင်း ကော်ဖီဈေးနှုန်းများမှာ သိသာစွာနာလံထူခဲ့ပြီး ပို့ကုန်ဝင်ငွေ စံချိန်တင်စေခဲ့ကြောင်း သိရပါသည်။ အသင်းက လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် အထူးသဖြင့် ဥရောပသမဂ္ဂ-ဗီယက်နမ်လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်သည် စီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးသမားများအား တင်းကျပ်သောအရည်အသွေးစံနှုန်းနှင့် ကိုက်ညီသော စိုက်ပျိုးထုတ်လုပ်သည့်အလေ့အထကို အသွင်ကူးပြောင်းစေကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်တွင် ကော်ဖီလုပ်ငန်းနယ်ပယ်ကို ဂေဟစနစ်ကို တာဝန်ယူမှုရှိသည့် ထုတ်လုပ်ခြင်းနှင့် ကုန်ကြမ်းပစ္စည်းထုတ်လုပ်သည့်ဒေသများအား ပြုပြင်ထုတ်လုပ်သည့်အဆင့်များသို့ ပြောင်းလဲစေနိုင်ခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)