
(၂၁.၁၁.၂၀၂၅) ရက်နေ့ နံနက် (၁၁:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးနှင့်ဝန်ထမ်းများသည် မင်္ဂလာဒုံမြို့နယ်ရှိ စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ သွားရောက်၍ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီမှတာဝန်ရှိသူများ၊ လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ် စားလှယ်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် စားအုန်းဆီနှင့်ပတ်သက်ပြီး ဈေးကစားရန်အလို့ငှာ စားအုန်းဆီများသိုလှောင်ထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးခြင်း၊ လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်များမှတစ်ဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/ မရှိနှင့် တစ်လလျှင် တစ်အိမ်ထောင်စုစားအုန်းဆီ ရရှိမှုပိဿာတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အိမ်ထောင်စုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
