
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများအား ပြည်တွင်းဌာနခွဲ၏ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များအကြောင်းအား အသိပညာ ဗဟုသုတများတိုးပွားစေရန်နှင့် လိုက်နာဆောင်ရွက်နိုင်ရန် Thursday Talk အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဒေါ်လွင်လွင်ဆန်း (ဒုဦးစီးမှူး)က ပြည်တွင်းဌာနခွဲ၏ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအကြောင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဝန်ထမ်းများမှ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း၊ ဆွေးနွေးပွဲသို့ ဝန်ထမ်း (၂၀)ဦးတက်ရောက်ခဲ့ပါကြောင်းနှင့် ဆွေးနွေးပွဲအား နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ပြီးဆုံးကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)
