
Afghanistan နိုင်ငံသည် ယခုနှစ်ပထမ ၆ လအတွင်းတွင် အသီးခြောက်နှင့် သစ်သီးတင်ပို့ မှု အမေရိကန်ဒေါ်လာ ၅၈၀ သန်းခန့် ရောက်ရှိခဲ့ကြောင်းနှင့် အဆိုပါတင်ပို့မှုသည် ၎င်းနိုင်ငံ၏ စိုက်ပျိုးရေးထုတ်ကုန်များတင်ပို့နိုင်စွမ်းကို ဖော်ပြနေကြောင်း သိရပါသည်။ Afghanistan နိုင်ငံ၏ အဓိကတင်ပို့သည့်နိုင်ငံများမှာ အိန္ဒိယနိုင်ငံ၊ ရှရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊ Uzbekistan၊ Saudi Arabia၊ Kazakhstan၊ ကာတာနိုင်ငံ၊ အီရန်နိုင်ငံ၊ အီရပ်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ Tajikistan နှင့် တစ်ခြားနိုင်ငံ များစွာပါဝင်ကြောင်း သိရပါသည်။ စီးပွားရေးရာဒုတိယဝန်ကြီးက တင်ပို့ကုန်များ ကို ကမ္ဘာ့စျေးကွက်များသို့ ဝင်ရောက်နိုင်ရန်နှင့် ပို့ဆောင်မှုများအချိန်မြန်ဆန်စေရန်အတွက် ကုန်ကြောင်းလမ်းနှင့် လေကြောင်းလမ်းများဖြင့် ချဲ့ထွင်ပို့ဆောင်သွားသင့်ကြောင်း မှတ်ချက်ပြုခဲ့ပါသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် Afghanistan ၏ ရထားလမ်းကွန်ရက်ချဲ့ထွင်ခြင်း၊ အဓိက လမ်းမများ ပြန်လည်တည်ဆောက်ရေး နှင့် လေကြောင်းလမ်းများ ပြန်လည်အသက်သွင်းခြင်းသည် တင်ပို့မှုအဆင့်မြှင့်တင်ခြင်းနှင့် နိုင်ငံ၏ပို့ဆောင်နိုင်စွမ်းအတွက် အရေးပါကြောင်းအထူး အလေးပေးပြောကြားခဲ့ပါသည်။ အဆိုပါ ပို့ဆောင်ရေးအဆောက်အဦများတွင် ကြီးမားစွာရင်းနှီး မြှုပ်နှံခြင်းသည် အပိုစျေးကွက်များနှင့် နိုင်ငံ၏တင်ပို့နိုင်စွမ်းကိုတိုးမြှင့်နိုင်ကြောင်း Afghan ကုန်သည်များက အထူးအလေးပေး ပြောကြားခဲ့ပါသည်။
DOCA (ရန်ကုန်)
