
၁၉.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များ သတ်မှတ်စည်းကမ်းများနှင့်အညီ စနစ်တကျ ရောင်းချကြစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ ပူးပေါင်းကာ လိုက်လံစစ်ဆေးခဲ့ကြသည်။
သွားရောက်စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အဖွဲ့ဝင်များ၊ မီးသတ် ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ စားသုံးသူ ရေးရာဦးစီးဌာနတို့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ သထုံမြို့နယ်၊ စက်သုံးဆီ အရောင်းဆိုင်များသို့ သွားရောက်ကာ စက်သုံးဆီအမျိူးအစားအလိုက် စျေးနှုန်းမြင့်တင် ရောင်းချခြင်းအလို့ငှာ သိုလှောင် ထားခြင်းရှိ/မရှိ၊ အရန်ဆီထားရှိ သိုလှောင်မှုနှင့် သတ်မှတ် စည်းကမ်းများနှင့်အညီ စနစ်တကျရောင်းချခြင်း ရှိ/မရှိတို့အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
DOCA (မွန်)
