
နိုဝင်ဘာလ ၁၃ ရက်နေ့ကကျင်းပခဲ့သည့်အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်သူများသည် ဥရောပသမဂ္ဂသို့တင်ပို့သည့်အခါ ပမာဏများပြားစွာတင်ပို့ခြင်းမှ တန်ဖိုးမြှင့်ထုတ်ကုန်များတင်ပို့ မှုကို အသွင်ကူးပြောင်းရန် သဘောတူညီခဲ့ကြကြောင်း သိရပါသည်။ ထိုဆွေးနွေးပွဲအခမ်းအနား ကို နိုင်ငံခြားရေးရာဝန်ကြီးဌာနကကြီးမှူးကျင်းပခဲ့ပြီး တက်ရောက်သူဦးရေ ၂၀၀ ကျော်ရှိခဲ့ ကြောင်း သိရပါသည်။ ဒုတိယနိုင်ငံခြားရေးရာဝန်ကြီး Le Thi Thu Hang က ဥရောပသမဂ္ဂနှင့် အားကောင်း သောသံတမန်ရေး၊ နိုင်ငံရေးချိတ်ဆက်မှုနှင့် ဥရောပသမဂ္ဂ-ဗီယက်နမ်လွတ်လပ် သောကုန်သွယ် ရေးသဘောတူညီချက်တို့သည် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးယှဉ်ပြိုင်မှု ပြင်းထန်နေချိန်အကြား တွင် ဗီယက်နမ်အား ဥရောပသမဂ္ဂဈေးကွက်သို့ဝင်ရောက်ရန်အတွက် အရေးပါသောခြေလှမ်းများ ကိုပံ့ပိုးပေးကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်သည် ကော်ဖီ၊ သီဟိုဠ်စေ့များ၊ ငရုတ်ကောင်း၊ ဆန်၊ ငါးထုတ်ကုန်များနှင့် သစ်သီးများတင်ပို့သည့် ထိပ်တန်းနိုင်ငံ များထဲမှ တစ်ခုဖြစ်သော်လည်း စိုက်ပျိုးမွေးမြူရေး-သစ်တော-ရေထွက်ကုန်များအတွက် ကမ္ဘာ့ တတိယအကြီးမားဆုံးဈေးကွက် ဖြစ်သည့် ဥရောပသမဂ္ဂဈေးကွက်တွင် ဈေးကွက်ဝေစုမှာ ၃ ရာခိုင်နှုန်းပတ်လည်သာရှိကြောင်း သိရပါသည်။ Hang က ဥရောပသမဂ္ဂသည် အစိမ်းရောင် စံနှုန်းများ၊ သဘာဝပတ်ဝန်းကျင် ကာကွယ်မှုနှင့် တရားမဝင်၊ အစီရင်မခံ၊ စည်းမျဉ်းနှင့် မညီ သည့်ငါးဖမ်းခြင်းတို့အပေါ်စည်းမျဉ်းများ တင်းကျပ်လာမှုကြောင့် ဆွေးနွေးပွဲတက်ရောက်သူများ အား ဥရောပသမဂ္ဂသို့တင်ပို့မှုမြင့်တက်ရန် အတွက် အားကောင်းသောစံမံချက်များကို ဆွေးနွေး ရန် တောင်းဆိုခဲ့ကြောင်း သိရပါသည်။ ပြည်တွင်းအာဏာပိုင် အသင်းများမှတာဝန်ရှိသူများ ကလည်း ဥရောပသမဂ္ဂ၏တင်းကျပ်သော စံနှုန်းများနှင့်ကိုက်ညီမှု၊ နိုင်ငံတော်အမှတ်တံဆိပ် မြှင့်တင်မှုနှင့် ဥရောပစားသုံးသူများ၏ဦးစားပေး မှုနှင့်ကိုက်ညီသည့် စိမ်းလန်းပြီးသန့်စင်သော ထုတ်ကုန်များထုတ်လုပ်မှုတို့၏ အရေးပါမှုကို အသား ပေးပြောကြားခဲ့ကြောင်း သိရပါသည်။ ၎င်းတို့က ဥရောပသမဂ္ဂဈေးကွက်သည် သိသာထင်ရှား သောအလားအလာကို ပိုင်ဆိုင်ထား သော်လည်း များစွာသောဗီယက်နမ်လုပ်ငန်းများသည် ၎င်းတို့၏ နည်းစနစ်နှင့် စဉ်ဆက်မပြတ်လို အပ်ချက်များနှင့် ကိုက်ညီနိုင်စွမ်းကင်းမဲ့နေကြောင်း မှတ်ချက် ပြုခဲ့ကြောင်း သိရပါသည်။ Hang က နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဥရောပသမဂ္ဂဈေးကွက်သို့ ပိုမို ဝင်ရောက်နိုင်ရန်အတွက်ဒေသခံများ၊အသင်းများနှင့်စီးပွားရေးလုပ်ငန်းများကို ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ပြီး အတားအဆီးများဖယ်ရှားပြီး အခွင့်အလမ်းများတိုးမြှင့်ရရှိရန်အတွက် သက်ဆိုင်ရာ ဥရောပသမဂ္ဂအာဏာပိုင် များနှင့် ဆွေးနွေးမှုများပြုလုပ်သွားမည်ဟု ပြောကြားခဲ့ပါသည်။ ထို့ပြင် Hnag က ဗီယက်နမ်၏ နိုင်ငံခြားစီးပွားရေးတာဝန်ရှိသူများကို စီးပွားရေးလုပ်ငန်းများအား ဥရောပသမဂ္ဂ စည်းမျဉ်းများ နှင့်ဈေးကွက်ဝယ်လိုအားကို အချိန်မီသတင်းအချက်အလက်ပေးခြင်း၊ ထုတ်ကုန်အရောင်းမြှင့်တင် ခြင်းများပြုလုပ်ခြင်းနှင့် နိုင်ငံရပ်ခြားရှိ ဗီယက်နမ်၏ကွန်ယက်များနှင့် ဖြန့်ဖြူးရေးလမ်းကြောင်း များကို ခြေကုပ်ယူဆောင်ရွက်ခြင်းတို့ဖြင့် ပံ့ပိုးပေးရန်တောင်းဆိုခဲ့ ကြောင်း သိရပါသည်။
DOCA(ရန်ကုန်)
