
ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်အဖွဲ့ (RCEP) နိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၈,၁၄၆ သန်း တန်ဖိုးရှိ ကုန်ပစ္စည်းများ တင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ်ကာလတူက အမေရိကန်ဒေါ်လာ ၇,၄၀၂ သန်းထက် ၁၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ၁၉-၁၁-၂၀၂၅ ရက်နေ့က ထုတ်ပြန် ခဲ့သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထား သည်။ ထိုကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံ၏ စုစုပေါင်း ပို့ကုန်သည်အမေရိကန်ဒေါ်လာ ၂၅,၉၀၂ သန်း (၃၁.၄၅ ရာခိုင်နှုန်း) ရရှိကြောင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုကာလအတွင်း RCEP နိုင်ငံများမှ အမေရိကန်ဒေါ်လာ ၂၄,၇၈၄ သန်းတန်ဖိုးရှိ ကုန်ပစ္စည်းများကို တင်သွင်းခဲ့ပြီး ယမန်နှစ်ကာလ တူက အမေရိကန်ဒေါ်လာ ၂၀,၉၁၀ သန်းထက် ၁၈.၅၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ယင်းကိန်းဂဏန်းများကြောင့် နိုင်ငံ၏ စုစုပေါင်း နိုင်ငံတကာကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၅၃,၅၈၇ သန်း၏ ၆၁.၄၅ ရာခိုင်နှုန်း ရှိလာခဲ့သည်။ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat ၏အဆိုအရ RCEP ကုန်သွယ်ရေး သဘောတူညီချက်သည် ပို့ကုန်များအတွက် ကြီးမားသောဈေးကွက်များဖြင့် ကမ္ဘောဒီးယားအား အကျိုးပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရာတွင် အထောက်အကူပြုသည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ လက်ရှိတွင် ဝန်ကြီးဌာနသည် ပို့ကုန်များအတွက် ဒေသတွင်းထုတ်ကုန်များသို့ ဈေးကွက်ဝင်ရောက်ခွင့်ကို တိုးချဲ့ရန်အတွက် အဓိကကုန်သွယ်ရေးမိတ်ဖက်များနှင့် လွတ်လပ်စွာ ကုန်သွယ်ရေးသဘော တူညီချက်များ ပိုမိုဖန်တီးရန် လုပ်ဆောင်နေကြောင်း ထပ်လောင်းပြော ကြားခဲ့သည်။ ပို့ကုန်များကို မြှင့်တင်ရန်အတွက် နှစ်နိုင်ငံ FTA များနှင့် RCEP ကဲ့သို့သော လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်များကို အပြည့်အဝအသုံးချရန် ဝန်ကြီးဌာန အနေဖြင့် ပုဂ္ဂလိက ကဏ္ဍများကို အားပေးလျက်ရှိကြောင်း Sovicheat ကပြောကြားခဲ့သည်။
DOCA(ရန်ကုန်)
