
ဘိုကလေးမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ဆီအသင်းအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ (၁၇.၁၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီ အချိန်တွင် ဘိုကလေးမြို့၊ ကမ်းနားလမ်းရှိ “လင်းမြတ်” ကုန်စုံဆိုင်တွင် စားအုန်းဆီ များကို သတ်မှတ်ရည်ညွန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ဘိုကလေးမြို့၊ ကမ်းနားလမ်း (၅) ရပ်ကွက်ရှိ ဦးဇော်ဝင်းနိုင်ပိုင် “လင်းမြတ်” ကုန်စုံဆိုင်တွင် နေ့စွဲများပါရှိသော စားအုန်းဆီများကို ရည်ညွှန်းဈေးအတိုင်း ဗွီနိုင်း ကပ်၍ ရောင်းချနေမှု အခြေအနေ၊ အလေးချိန်နှင့် အရည်အသွေး ပြည့်ဝမှန်ကန်မှုရှိ/မရှိ တို့အား စစ်ဆေးခဲ့ရာ ဈေးနှုန်းမှန်ကန်စွာ ရောင်းချနေကြောင်း ကွင်းဆင်းစိစစ်ခဲ့မှုအရ သတင်းရရှိပါသည်။
(Doca ဧရာဝတီ)
