ကျိုက်လတ်မြို့နယ် ပြန်/ဆက်ရုံးတွင် Talk Show အစီအစဉ် ဆောင်ရွက်ခြင်း

Powered by Drupal

 

          ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်၊ မွန်းလွဲ (၁၅:၀၀) နာရီ အချိန်တွင် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show အစီအစဉ်အား ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိမှ စားသုံးသူကာကွယ် ရေး ဥပဒေ အကြောင်းကို ရှင်းပြပေးရန် ပြောကြားသဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ကြီးကြပ်ရေးမှူး ဦးတင်စိန်က စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်းပေါင်း(၂၅) ခန်းရှိပြီး အခန်း(၁၈) ဖြစ်သော ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းကို ပုဒ်မ(၄၁၊၄၂၊၄၃) မှာ ဖော်ပြထားရှိပြီး ကုန်အညွှန်းအမှတ်အသားနှင့် ပါဝင်ပက်သက်ကြောင်း၊ ဖော်ပြချက်(၈) ချက်ရှိကြောင်းရှင်းလင်းပြောကြားခဲ့သည်။ တံဆိပ်၊ အမှတ်အသား၊ အမျိုးအမည်၊အရွယ်အစား ၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး၊ ကြိုတင်သတိပေးချက်၊ထုတ်လုပ်/သက်တမ်း ကုန်ဆုံး ရက်စွဲ တို့ မှာ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်များဖြစ်ကြောင်း ၊ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ (၄၁) ၊ ပုဒ်မခွဲ (ခ) နှင့် (ဆ) တို့ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြရာတွင် မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခုထက်ပို၍ တွဲလျက် ဖော်ပြရမည် ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့မှုအပေါ် သတင်းရရှိပါသည်။

(Doca ဧရာဝတီ)