တူရကီလေကြောင်းလိုင်းသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် အစ္စတန်ဘူလ်မှ ဖနွမ်းပင်သို့ တိုက်ရိုက်ပျံသန်းမှု စတင်မည်

Powered by Drupal

           ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားလုပ်ငန်းဈေးကွက်၏ အလားအလာကောင်းများကို သိရှိပြီး နောက် တူရကီလေကြောင်းလိုင်းသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်တွင် အစ္စတန်ဘူလ်မှ ဖနွမ်းပင်သို့ တိုက်ရိုက်ပျံသန်းမှုများ စတင်တော့မည်ဖြစ်ကြောင်း (SSCA) ၏ ပြောရေးဆိုခွင့်ရှိသူ Sinn Chanserey Vutha က ပြောကြားခဲ့သည်။ ခေတ်မီ Techo အပြည်ပြည်ဆိုင်ရာလေဆိပ် (KTI) စတင်ဖွင့်လှစ်ပြီးနောက် တူရကီသမ္မတနိုင်ငံ၊ အစ္စတန်ဘူလ်မှ လေယာဉ်ခရီးစဉ်များကို ဆွဲဆောင်ခြင်းသည် ကမ္ဘောဒီးယားတော်ဝင်အစိုးရ (RGC) ၏ အဓိကအောင်မြင်မှုတစ်ခု ဖြစ် ကြောင်း Vutha က ဆက်လက်ပြောကြားခဲ့သည်။ Vutha က တိုက်ရိုက်လမ်းကြောင်းသည် ဥရောပခရီးစဉ်များသို့ အလွယ်တကူ ချိတ်ဆက်ပေးသည့် အဓိကအချက်အချာကျသော အစ္စတန် ဘူလ်မှတစ်ဆင့် ဥရောပသို့ အဆင်ပြေစွာ ဝင်ရောက်နိုင်စေမည်ဟု အတည်ပြုပြောကြားခဲ့သည်။ အစောပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ခရီးသွားလာရေးဝန်ကြီး Huot Hak က အစ္စတန်ဘူလ်၏ မဟာဗျူဟာကျသော တည်နေရာသည် ဥရောပနှင့် အာရှကို ဆက်သွယ်ပေးသောကြောင့် အရှေ့တောင်အာရှသို့ဦးတည်သော ဥရောပခရီးသွားများအတွက် အဓိက သယ်ယူပို့ဆောင်ရေး နေရာတစ်ခုအဖြစ် ရပ်တည်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါလမ်းကြောင်းအသစ်သည် ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံတကာလေကြောင်းချိတ်ဆက်မှုများကို တိုးချဲ့ရန်နှင့် ခရီးသွားလုပ်ငန်း ဈေးကွက်များကို ကွဲပြားစေရန် ကမ္ဘောဒီးယား၏ ကြိုးပမ်းမှုများတွင် အဓိကခြေလှမ်းတစ်ခုဖြစ် ကြောင်း (SSCA) မှ ထုတ်ပြန်ထားသည်။

DOCA(ရန်ကုန်)