ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ ဇွန်ပန်း၊ ရှင်မွေးလွန်း၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း (အောင်သပြေ) အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့၊ တောင်ကြီးမြို့တို့မှ တဆင့် မှာယူရောင်းချကြောင်းသိရှိရပါသည်။
ဂန္ဓာမာပန်းသည် မျိုးကွဲပေါင်းများစွာ မှ နှင်းကမ္ဘာ၊ စံပါယ်ဖြူ နှင့် ဆန်းပန်းစသည့်မျိုးများဖြစ်ပြီး အရောင်းအသွေးများမှာ အဖြူရောင်၊ အဝါရောင်၊ ပန်းရောင်၊ ပန်းခရမ်းရောင်၊ လိမ္မော်ရောင် စသည့် တို့ကိုသာ လူအများကြိုက်နှစ်သက်သည့်အတွက် စိုက်ပျိုးရောင်းချမှုများသည်ကိုတွေ့ရပါသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် ကျွန်းလှမြို့နယ်အတွင်း ရောင်းချနေသော သစ္စာပန်း ဈေးနှုန်းများမှာ ဂန္ဓမာပန်း စံပါယ်ဖြူ အပွင့်ကြီး(၅)ခက်ပါ တစ်စီးလျှင်(၃၅၀၀)ကျပ်၊ ဂန္ဓာမာပန်း စံပါယ်ဖြူ အပွင့်သေး တစ်စီးလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
