
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သည် ပင်လယ်ရေကြောင်းကုန်သွယ်မှုလုပ်ငန်းများ ဖြင့်အသက်မွေးဝမ်းကျောင်းများလုပ်ကိုင်လျက်ရှိသလို အနီးပတ်ဝန်းကျင်ရှိကျေးရွာများရှိ ဒေသခံ စိုက်ပျိုးရေးတောင်သူများသည် တစ်နိုင်တစ်ပိုင်နှင့်စီးပွားဖြစ် ကန်စွန်းရွက်စိုက်ပျိုးခြင်းများကိုပိုမို တိုးချဲ့ လုပ်ကိုင်လာကြပြီး ရာသီမရွေးစျေးကွက်အတွင်း ပုံမှန်ဝင်ရောက်လျက်ရှိကြောင်း၊ ရှိပါသည်။
ကန်စွန်းရွက် စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိရာတွင် မိမိတို့အိမ်ပတ်ဝန်းကျင်ရှိ ခြံမြေများတွင် အိမ်တွင်းတစ်နိုင်တစ်ပိုင်စိုက်ခင်းများဖြင့် လုပ်ကိုင်လျက်ရှိပြီး လူတို့နေ့စဉ် စားသုံး လျက်ရှိသည့် အသီးအနှံများ၊ သစ်သီးသစ်ရွက်များအား အဓိကထားစိုက်ပျိုးရောင်းချလျက်ရှိပါသည်။ အဆိုပါ အသီးအနှံများ၊ သစ်သီးသစ်ရွက်များအား စျေးသည်များမှတစ်ဆင့် အနီးပတ်ဝန်းကျင်ရှိ ရပ်ကွက်စျေးများ၊ စည်ပင်သာယာ စျေးကြီး များ၊ ကမ်းနားပျံကျစျေးများနှင့် ညနေစျေးများအထိပါ ဖောက်သည်များမှ လာရောက်ယူဆောင် ရောင်းချလျက်ရှိပါသည်။ အဆိုပါဟင်းသီး ဟင်းရွက် များသည် လူသားတို့နေ့စဉ်စားသောက်ရာတွင် ကျန်းမာရေးအတွက်ကောင်းမွန်သလို စျေးနှုန်းအား ဖြင့်လည်းသက်သာသဖြင့် ရောင်းချသူများ သာမက စိုက်ပျိုးသူများအတွက်ပါ တွက်ခြေကိုက်လျက် ရှိပါသည်။ ထားဝယ်ဒေသ၏ ရေမြေရာသီ ဥတုသဘာဝအရ စိုစွတ်ခြင်းနှင့် ရေအလွယ်တကူရရှိသည့် အတွက် စိုက်ပျိုးဖြစ်ထွန်း အောင်မြင်လျက်ရှိပါသည်။ လက်ရှိတွင် သဘာဝမြေသြဇာများကို အဓိကအသုံးပြုကာ ဓာတုကင်းလွတ်ဘေးအန္တရာယ်ကင်းကန်စွန်းရွက်များကို ပိုမိုထုတ်လုပ်နိုင်ရေး အတွက် ဒေသခံစိုက်ပျိုးရေး တောင်သူများအနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိရာ ထားဝယ် မြို့တွင် ဖြစ်ပေါ်နေသော ကန်စွန်းရွက်တစ်စည်းလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး အရောင်း အဝယ်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
DOCA(တနင်္သာရီ)
