
စွန်ပလွန်သီးဟာ အရှေ့အလယ်ပိုင်းနိုင်ငံတွေရဲ့ အဓိကအစားအစာတစ်မျိုးဖြစ်ပြီး အသက် ရှည်သောသစ်ပင်ဖြစ်၍ နှစ်ပေါင်းတစ်ရာကျော်အထိ အသီးများသီးလေ့ရှိသည်။ အသီးများကို လတ် လတ်ဆတ်ဆတ်စားကြသလို ယိုထိုး၍စားကြသည်။ အသီးကို အမှည့်အတိုင်းဖြစ်စေ၊ အခြောက် လှန်း၍ဖြစ်စေစားသုံးကြလေ့ရှိသည်။ စွန်ပလွန်သီးမှာ သတ္တုဓာတ်၊ဗီတာမင်ဓာတ်နဲ့တခြားကျန်းမာ ရေးကောင်းတဲ့ အထောက်အကူပြုတဲ့ အာဟာရဓာတ်တွေ အများကြီးပါဝင်ပါတယ်။
စွန်ပလွန်သီး(၁) တစ်ပုံးလျှင် (၈ဝဝဝဝ)ကျပ်မှ(၁ဝဝဝဝဝ)ကျပ်အထိဈေးရှိကြောင်းနှင့် ထိုင်း မလေးရှားနိုင်ငံများမှတဆင့်တင်သွင်းလျက်ရှိကြောင်း၊ ကုန်တိုက်များတွင် စွန်ပလွန်သီးယို ၅၀၀ဂရမ် တစ်ထုတ်လျှင် ၉၀၀၀ကျပ်ခန့်ရှိကြောင်း ၄င်းတွင်ထူးခြားသော အရသာနှင့်ကျန်းမာရေးအကျိုး ကျေးဇူးကြောင့် စွန်ပလွန်သီးကို နိုင်ငံအနှံ့အပြားတွင် စားသုံးကြကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
