မြိတ်မြို့၌ ဒေသထွက်ငှက်ပျောပင်၏ ဝင်‌‌ငွေရရှိပုံ

Powered by Drupal

    တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ဒေသထွက်ကုန်ဖြစ်သော ကွမ်းသီး၊ ရာဘာ၊ သီဟိုဠ်များစိုက်ပျိုးလျက်ရှိပြီး ငှက်ပျောသီးများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြလျက်ရှိပါသည်။ ဒေသထွက် ငှက်ပျောသီးကို ဒေသတွင်းစားသုံးကြလျက်ရှိပြီး ငှက်ပျောဖူးနှင့် ငှက်ပျောပင်မှ အူတိုင်ကိုလည်း ဒေသတွင်းရောင်းချဖောက်ကားလျက်ရှိပါသည်။ ငှက်ပျောဖူးကို စားစရာအဖြစ် သနပ်၊ ပေါင်းထုတ်နှင့် ငှက်‌ပျောဖူးပေါင်းလှော်အဖြစ် စားသုံးကြလေ့ရှိပြီး ငှက်ပျောပင်စည်ကိုမူ မုန့်ဟင်းခါးတွင် အများဆုံး သုံးစွဲကြလေ့ရှိပါသည်။ ငှက်ပျောရွက်ကိုလည်း ကိုက်ကြေးကိုက်နှင့် မုန့်များထုတ်ပိုးရာတွင် သုံးစွဲကြပြီး ဒေသထွက်ငှက်ပျောပင်သည် ဒေသရိုးရာစားစရာများပြုလုပ်ကြရာတွင် အရေးပါသည့်အတွက် ပြည်တွင်းစျေးကွက်တွင် ဝင်ငွေရရှိလျက်ရှိသည်။

     မြိတ်မြို့တွင် ငှက်ပျောသီးသီးပြီးသော ငှက်ပျောပင်ကို စျေးနှုန်းဖြတ်၍ ဝယ်ယူလျက်ရှိပြီး တစ်ပင်လျှင် ၃၀၀၀ကျပ်ခန့်ရရှိကြောင်း၊ ငှက်ပျောဖူးတစ်ဖူးလျှင် ၁၂၀၀ကျပ်ခန့်ရရှိကြောင်း၊ မုန့်ဟင်းခါး တစ်ပွဲလျှင် ၁၅၀၀ကျပ်မှ ၃၀၀၀ကျပ်အထိ ရောင်းချကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)