ထောပတ်သီးထွက်ရှိသည့်ကာလဖြစ်သောကြောင့် ဝယ်လိုအားရောင်းလိုအားများမြင့်တက်လျက်ရှိ

Powered by Drupal

     ရှမ်းပြည်နယ်‌(တောင်ကြီး) မြို့တွင် ထောပတ်သီးများ ထွက်ပေါ်သည့်ကာလဖြစ်သဖြင့်  ဒေသသီးများကို ကြီး/ငယ် အရွယ်အစား ပေါ်မူတည်၍ ကျပ်( ၅၀ဝိ/-၁၀၀ဝိ/) ခန့် ကျပ်အတွင်း၌ လည်းကောင်း ၊  လူကြိုက်များသော Hass ထောပတ်သီးအနေဖြင့် အရွယ်အစားနှင့် မျိုးကောင်းမှုပေါ်မူတည်၍ တစ်ကီလိုလျှင်ပွဲရုံလက္ကားဈေး ကျပ် (၂၀၀ဝိ-၂၅၀ဝိ-၃၀၀ဝိ) ကျပ်များအတွင်း၌လည်းကောင်း ၊လက်လီဈေး ကျပ်(၄၀၀၀-၇၀၀၀-၈၀၀၀) အသီးသီးဈေးကွက်ပေါက်ဈေးရှိနေပါသည်။

    ယခုအချိန်ကာလသည် ဆောင်းရာသီကာလဖြစ်သောကြောင့် အသီးများပိုမိုရင့် မှည့်လာပြီဖြစ်သောကြောင့်ယခင်ပေါ်ခါစရာသီဈေးနှုန်းများထက် အနည်းငယ်လျော့ကျလာပြီး အသီးအရသာများပိုမိုကောင်းမွန်လာသောကြောင့် ဈေးကွက်အတွင်းအရောင်းအဝယ်သွက်လျက်ရှိနေကြောင်းနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ထွက်ရှိသော ထောပတ်သီးများကို ဒေသတွင်းတွင်သာမက မြန်မာပြည်အနှံ့အပြားသို့ ပို့ဆောင်ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)