
တနင်္သာရီတိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် စက်သုံးဆီအရောင်းဆိုင်များ၊ ကုမ္ပဏီများ ဖွင့်လှစ်၍ ရောင်းချလျှက်ရှိရာ စက်သုံးဆီဈေးနှုန်းအနေဖြင့် နိုဝင်ဘာလဒုတိယပတ်တွင် စက်သုံးဆီ တစ်လီတာလျှင် ပရီမီယံဒီဇယ် (၃၁၈၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၆၄၅)ကျပ်၊ ဓာတ်ဆီ 92 (၂၇၄၅)ကျပ်၊ ဓာတ်ဆီ 95 (၂၈၂၀)ကျပ် အသီးသီးဖြစ်ခဲ့ပြီး ယခု နိုဝင်ဘာလဒုတိယပတ်တွင် ပရီမီယံ ဒီဇယ် (၃၂၂၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၆၇၅)ကျပ်၊ ဓာတ်ဆီ 92 (၂၇၂၀)ကျပ် ၊ ဓာတ်ဆီ 95 (၂၇၉၅)ကျပ် အသီးသီးဖြစ်ပေါ်ခဲ့ရာမှ တစ်လီတာလျှင် ပရီမီယံဒီဇယ် (၄၀)ကျပ်၊ ရိုးရိုးဒီဇယ် (၃၀)ကျပ် မြင့်တက် သွားပြီး ဓာတ်ဆီ 92 (၂၅)ကျပ်၊ ဓာတ်ဆီ 95 (၂၅)ကျပ် အသီးသီး ဈေးနှုန်းကျဆင်းခဲ့ကြောင်း လေ့လာ သိရှိခဲ့ရပါသည်။ စက်သုံးဆီများအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းတို့ ပူးပေါင်းအစီအစဉ်ဖြင့် သက်သာသော အထူးဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ခြင်းကြောင့် ယခုကဲ့သို့ စက်သုံးဆီ ဈေးနှုန်းများ ကျဆင်းလာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
