ထားဝယ်မြို့အတွင်းရှိ ကြောင်လျှာသီး ဈေးနှုန်းအခြေအနေ 

Powered by Drupal

     ကြောင်လျှာသီးပင်သည် သဘာဝအလေ့ကျပေါက်သော အပင်ဖြစ်၍ အပွင့်၊အသီး ၊အခေါက် နှင့်ရွက်များကလည်း ဆေးဖက်ဝင်သောကြောင့်ဈေးကွက်ဝင်သောအပင်ဖြစ်သည်။ နှစ်စဉ်မိုးရေ ကောင်းစွာရရှိသော အပူပိုင်းဒေသရာသီဥတုကိုကြိုက်နှစ်သက်သည်။

        ယခုအခါ ထားဝယ်မြို့၊ကျေးလက်ဒေသတောရွာများတွင် စီးပွားဖြစ်စိုက်ပျိုးကြပြီး ထိုမှတစ်ဆင့် ထားဝယ်မြို့ပေါ်ရှိ စည်ပင်သာယာဈေးကြီးနှင့်ရက်ကွက်ဈေးငယ်များတွင် လာရောက် ရောင်းချလျက်ရှိပြီး ကြောင်လျှာသီးတစ်တောင့်လျှင်(၁၅၀၀မှ ၂၀၀၀)ကျပ်ရှိ ကြောင်း သိရှိရပါသည်။

 DOCA(တနင်္သာရီ)