ကျောက်ပန်းတောင်းမြို့၊ မြို့မစည်ပင်သာယာဈေးရှိ ဆန်ဆိုင်များအားကွင်းဆင်း

Powered by Drupal

          မြန်မာဆန်စပါးအွန်လိုင်း(My RO)ကိုစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (My RO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို စာရင်းထည့်သွင်းပေးနိုင်ရေး၊ ရေးသွင်းသော စာရင်းအချက်အလက်များနှင့် မြေပြင်ရှိ ကုန်လက်ကျန် စာရင်းကိုက်ညီမှုရှိ/ မရှိ၊ ဆန်အရောင်းဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ရွှေဘိုပေါ်ဆန်း ဈေးနှုန်း၊ ဈေးကွက်နှင့် ဆန်စီးဝင်၊ စီးထွက်မှုအခြေအနေများအား ကျောက်ပန်းတောင်းမြို့နယ် တာဝန်ခံရုံးအနေဖြင့် ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိရာ (၁၂.၁၁.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကျောက်ပန်းတောင်းမြို့၊ မြို့မစည်ပင် သာယာဈေးရှိ ဆန်အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်ရှင်များအနေဖြင့် ညွှန်ကြားချက်များကိုလည်း လိုက်နာဆောင်ရွက်မှုရှိရန်နှင့် လိုက်နာမှုမရှိသော လုပ်ငန်းပိုင်ရှင်များအား စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင် ရွက်ခြင်းများရှိကြောင်း အသိပေးဆွေးနွေး၍ မြေပြင်ကြီးကြပ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)