ဆင်ပေါင်ဝဲမြို့နယ် ကြားအင်းကျေးရွာ၌ စားသုံးသူများအား အသိပညာပေးဟောပြောခြင်း

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် တာဝန်ခံသည် (၁၇.၁၁.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ဆင်ပေါင်ဝဲမြို့နယ် ကြားအင်းကျေးရွာ ဘုန်းတော်ကြီး ကျောင်း ဓမ္မာရုံ၌ ရွာသူရွာသား (၈၆)ဦးတို့အား စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက် ခဲ့ကြောင်း သိရသည်။

   အဆိုပါ ဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့် စားသုံးသူများ၏ အခွင့်အရေးများ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုရှိပါက စားသုံးသူ ရေးရာဦးစီးဌာနမှ ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် လက်ခံဆောင်ရွက်ရေး စင်တာများရှိ ကြောင်း နှင့် ရောင်းမှားဝယ်မှားဖြစ်ပါကလည်း တိုင်ကြားနိုင်ပါကြောင်း၊ ထို့အပြင် Hot Line No.1535 သို့ ခေါ်ဆို၍လည်း မိမိသိလိုသည့် အကြောင်းအရာများ မေးမြန်းခြင်းနှင့် တိုင်ကြားမှုများ ပြုလုပ် ဆောင်ရွက်နိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)