ချောက်မြို့မစျေး၌ ကုန်အညွန်းအမှတ်အသားပြည့်စုံစွာမပါရှိသော ပစ္စည်းများအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံဒေါ် မြတ်မြတ်မိုးသည် မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် (၁၇.၁၁.၂၀၂၅) ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ချောက်မြို့မစျေး အတွင်းနှင့် အပြင်၌ စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကုန်အညွှန်းအမှတ်အသားပြည်စုံစွာ မပါရှိသော ပစ္စည်းများရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   ထိုသို့စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော ပစ္စည်းများ ရောင်းချမှုရှိ/မရှိစစ်ဆေးခြင်းနှင့် အသားငါးများ ရောင်းချရာတွင်သတ်မှတ် စျေးနှုန်းအတိုင်းရောင်းချမှုရှိ/မရှိ၊ အလေးချိန် ပြည့်ဝမှုရှိ/မရှိ စစ်ဆေးခြင်းတို့ဆောင်ရွက်ခဲ့ပြီး ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော ပစ္စည်းများရောင်းချမှုမရှိစေရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)