တောင်တွင်းကြီးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံသည် (၁၇.၁၁.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၃၀)အချိန်တွင် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီး ဌာန၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား စျေးကွက် စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

  ထိုသို့ စစ်ဆေးရာတွင် သက်တမ်းလွန်ဆေးဝါးများ၊ ဆေးဝါးမှတ်ပုံတင်မရှိသော ဆေးဝါးများနှင့် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သုံးစွဲရန်မသင့် တားမြစ်ထားသော ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိနှင့် ဆေးဝါးများပြတ်လပ်မှုရှိ/မရှိစစ်ဆေးခဲ့ရာ စျေးကွက်အတွင်းနှင့် ရပ်ကွက်အတွင်း ရောင်းချသောဆိုင်များတွင် ကျန်းမာရေးလိုင်စင်စစ်ဆေးခြင်း၊ မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ ရောင်းချခြင်း(၆)မျိုးနှင့် သုံးစွဲရန်မသင့်တားမြစ်ထားသော ဆေးဝါးများရောင်းချခြင်း(၁)မျိုး စစ်ဆေး တွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိမ်းဆည်းခဲ့ကြောင်း သိရ သည်။

          ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံသည်  စျေးကွက်အတွင်းဆေးဝါး စျေးနှုန်းများမြှင့်တင်ရောင်းချနေခြင်း၊ သက်တမ်းလွန်ဆေးဝါးများ၊ မှတ်ပုံတင် ထားခြင်းမရှိသော ဆေးဝါးများနှင့် သုံးစွဲရန်မသင့်တားမြစ်ထားသော ‌ဆေးဝါးများ ရောင်းချခြင်းမရှိ စေရန်နှင့် ဆေးဝါးပြတ် လပ်မှုမဖြစ်စေရန်အတွက် ဆေးနှင့်‌ဆေးပစ္စည်းအရောင်းဆိုင်များအား အသိ ပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)