ပခုက္ကူမြို့၊ အမှတ်(၁၀)၊ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ငွေစာရင်းတာဝန်ခံ ဒေါ်တင်တင်မော်နှင့် ဝန်ထမ်းများအဖွဲ့သည် စားသုံးသူ အခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွားရေးကို သိရှိစေရန်အတွက် (၁၂.၁၁.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၀)၊ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ()ဦး၊ ကျောင်းသား/သူ (၁၃၅) ဦး၊ စုစုပေါင်း(၁၄၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

   အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူ အခွင့်အရေးနှင့် လိုက်နာရမည့် တာဝန်များအကြောင်းကိုလည်းကောင်း၊ ငွေစာရင်းဌာနခွဲတာဝန်ခံ ဒေါ်တင်တင်မော်က စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်း နှင့်စပ်လျဉ်းသည့်အကြောင်းအရာများကိုလည်းကောင်း၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ တာဝန်ခံဒေါ်သူဇာကျော်က စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉) အခန်း(၁၉)ပါ တိုင်ကြားခြင်း၊ စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်းနှင့်  တိုင်ကြား နိုင်သူများနှင့် နေရာများဖြစ်သော   DOCA Myanmar မိုဘိုင်း Application Facebook စာမျက်နှာနှင့် Consumer Call Center (1535)ဖွင့်လှစ်ထားရှိပြီးဖြစ်၍ တိုင်ကြားနိုင်ကြောင်း အသေးစိတ် ဆွေးနွေးပြီး၊ ဆွေးနွေးမှုများအပေါ် ဖြေဆိုနိုင်သော ကျောင်းသား/သူများအား အမှတ်တရ လက်ဆောင်ပေးပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)