ကြံခင်းမြို့နယ် စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း အသိပညာပေး  TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ပူးပေါင်း၍(၁၃.၁၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၄:၀၀)အချိန်တွင် ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း အသိပညာပေးTalk Showအစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါအစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးများဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍  အခြေခံလိုအပ် ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရှိခြင်း၊  ဈေးကွက်အတွင်း စားသုံးသူ စိတ်ကြိုက်‌ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ ကုန်စည်/ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူ အသုံးပြုရာတွင် လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ သိရှိခွင့်နှင့် ပြေစာ (သို့) အထောက်အထားရယူခွင့်ရှိကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များတွင်  ရှင်းလင်းတင်ပြခွင့်၊ တိုင်ကြားခွင့်နှင့် ကုစားခွင့်ရှိခြင်း၊ အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သော အချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်းနှင့် ပစ္စုပ္ပန်တွင်သာမက အနာဂတ် မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေ ထိုင်နိုင်ခွင့်ရရှိစေခြင်း စသည့်အခွင့်အရေးများ ရရှိနိုင်ပြီး၊ စားသုံးသူတာဝန်များဖြစ်သော ကုန်စည်/ဝန် ဆောင်မှုနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်းလိုက်နာဆောင်ရွက် ရန်၊ သဘောတူညီထားသည့်တန်ဖိုးနှင့်အညီ ပေးချေခြင်း၊ သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ မဟုတ်မမှန်ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ် ရမည်ဖြစ်ကြောင်း  စသည် တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

(DOCA ဧရာဝတီ)